ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် မြန်မာနိုင်ငံကို လာရောက်

0
326

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာဟာ ဖေဖော်ဝါရီလ(၁၈)ရက် ဒီကနေ့မှာ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ထဲက မဟာအတုလဝေယံဘုံသာ တိပိဋက ရွှေပါရမီကျောင်းမှာကို လာရောက်ပြီး အလှူပွဲတစ်ခု ကျင်းပပြုလုပ်ခဲ့ပါတယ်။

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ဟာ ဒီကနေ့ ဘုန်းတော်ကြီးကျောင်းတိုက်အတွင်းမှာ သီတင်းသုံးနေထိုင်တဲ့ စာချသံဃာတော်(၉)ပါးကို သင်္ကန်း၊ သပိတ်နဲ့ ဝတ္ထုငွေအဖြစ် အမေရိကန်ဒေါ်လာ ၁၀၀၊ ထိုင်းဘတ် ၁၀၀၀ နဲ့  မြန်မာငွေ ကျပ် ၁ သိန်းကို တစ်ပါးချင်းစီအလိုက် လှူဒါန်းခဲ့တာလည်း ဖြစ်ပါတယ်။

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ဟာ ရန်ကုန်မြို့က ရွှေတိဂုံစေတီတော်ကို တက်ရောက်ဖူးမြှော် အစောပိုင်းမှာ သတင်းတွေ ထွက်ပေါ်နေပေမဲ့ ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်ကို တက်ရောက်ဖူးမြှော်တာမျိုး မရှိပါဘူး။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)