ဖုန်းအားသွင်းရာမှ အပူလွန်ကဲပြီး နေအိမ် ၁၄ လုံး မီးလောင်ကျွမ်းမှု ဖြစ်ပွား

0
427

ဖုန်းအားသွင်းရာမှ အပူလွန်ကဲပြီး နေအိမ် ၁၄ လုံး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပါတယ်။

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်း ရပ်ကွက်၊ အကွက်အမှတ် ညည/ ၄၂ ၊ ၅၅ လမ်းနှင့် ၅၄ လမ်းကြား ရန်ပြေလမ်းနဲ့ ရန်နိုင် လမ်းကြားမှာ ဒီကနေ့ နေ့လည် ၁၂ နာရီ ၂၅ မိနစ်က ဖြစ်ပွားခဲ့တာပါ။

မီးလောင်မှုကြောင့် ပျဉ်ထောင် ပျဉ်ခင်းသွပ်မိုး (၂)လုံး၊ (၂)ထပ် ထရံကာသွပ်မိုး (၉)လုံး၊ မြေစိုက် ထရံကာ သွပ်မိုး(၃) လုံး စုစုပေါင်းနေအိမ် (၁၄)လုံး မီးလောင်ကျွမ်းခဲ့ပြီး အိမ်ထောင်စု (၁၈)စု၊ ကျား (၄၂)ဦး၊ မ (၅၇)ဦး၊ စုစုပေါင်း (၉၉)ဦး မီးဘေး သင့်ခဲ့ကာ ထိခိုက် ဒဏ်ရာ ရရှိကြပါတယ်။

မီးစတင် လောင်ကျွမ်းတဲ့ နေအိမ်မှ ဒေါ်ခင်ရင် ကို ပြည်ကြီးတံခွန် မြို့မရဲစခန်းမှ (ပ) ၁၃၁/ ၂၀၁၇၊ ရာဇသတ်ကြီး ပုဒ်မ- ၂၈၅ အရ အရေးယူထားပြီ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)