ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ယန်ဟီးလီ ဘင်္ဂါလီအရေး အစီရင်ခံစာရေးဖို့ ဘင်္ဂလားဒေ့ရှ်သွားမယ်

0
254

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီးလီဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဖေဖော်ဝါရီ ၂၀ ရက်ကနေ ၂၃ ရက်နေ့အထိ သုံးရက်ကြာ ခရီးစဉ်တစ်ခု သွားဖို့ ရှိနေပါတယ်။

အထူးကိုယ်စားလှယ် ယန်ဟီးလီဟာ အစီရင်ခံစာတစ်စောင် ရေးသားဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားခရိုင်ထဲက နေရာတော်တော်များများက ဘင်္ဂါလီတွေ ခိုလှုံနေတဲ့ ဒုက္ခသည်စခန်းတွေကို သွားရောက်ကြည့်ရှုမှာပါ။

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ဒီကနေ့ထုတ်ပြန်တဲ့ သတင်းထုတ်ပြန်ချက်အရ ယန်ဟီးလီဟာ ကော့ဘဇားနဲ့ အခြား သက်ဆိုင်ရာနယ်မြေတွေကို သွားဖို့စီစဉ်ထားပြီး မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်ကို ဝင်ရောက်မှုအခြေအနေကို အလေးထားကြည့်သွားမှာဖြစ်ပါတယ်။

“ပဋိပက္ခဘေး သက်ရောက်တဲ့ ဒေသတွေကို သွားရောက်ကြည့်ရှုခြင်းအားဖြင့် မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေကို ပိုနားလည်ဖို့ အထောက်အကူဖြစ်လိမ့်မယ်”လို့လည်း ယန်ဟီးလီက ဆိုပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်မှာ တပ်မတော်ရဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေ ရပ်ဆိုင်းလိုက်တယ်ဆိုတဲ့ ကြေညာချက်ကိုလည်း ကြိုဆိုထောက်ခံကြောင်း ယန်ဟီးလီက ပြောကြားထားပါတယ်။

ယန်ဟီးလီဟာ ကော့ဘဇားကို သွားရောက်တဲ့ သုံးရက်ကြာခရီးစဉ်အပြီးမှာ သူ့ရဲ့ အစီရင်ခံစာကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို မတ်လ ၁၃ ရက်နေ့မှာ တင်ပြသွားမှာ ဖြစ်သလို အွန်လိုင်းပေါ်မှာလည်း တင်ထားပေးမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)