တရုတ်နိုင်ငံကို ပို့ဆောင်မယ့် ကျွဲတွေကို ကသာမြို့နယ်မှာ ဖမ်းမိ

0
335

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ်မှာ ဒီကနေ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ မနက်ပိုင်းက တရုတ်နိုင်ငံကို ပို့ဆောင်မယ့် ကျွဲတွေကို ဖမ်းဆီးရမိခဲ့ပါတယ်။

ကသာမြို့နယ် ရွှေလီမြစ်အနီး အင်းကြီးရွာအုပ်စု ဘုရားတောင်ကျေးရွာ အနောက်ဘက်တောစပ် တစ်မိုင်ခန့် အကွာနေရာမှာ တရုတ်နိုင်ငံဘက်ကို ပို့ဆောင်မယ့် တရားမ၀င် ကျွဲ ၂၁ ကောင်ကို ဖမ်းဆီးရမိခဲ့တာလည်း ဖြစ်ပါတယ်။

အဲဒီကျွဲ ၂၁ ကောင်နဲ့အတူ တရားခံလို့ စွပ်စွဲထားသူ လူငါးဦးကိုလည်း ကသာမြို့မရဲစခန်းက အရေးကြီး ကုန်စည် ပုဒ်မ-၅ အရ အမှုဖွင့် ဖမ်းဆီးအရေးယူ ထားတာလည်း ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)