နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ကို ညစ်ညမ်းစွာ ဆဲဆိုခဲ့သူကို ထောင်ဒဏ် ၁၅ ရက် ချမှတ်

0
277

စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့မ တရားရုံးက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ညစ်ညမ်းဆဲဆိုခဲ့သူကို ဖေဖော်ဝါရီ ၁၇ ရက်နေ့က ထောင်ဒဏ် ၁၅ ရက် အမိန့်ချမှတ်ခဲ့ပါတယ်။

၂၀၁၆ ခုနှစ်က ကျွန်းလှမြို့နယ် နောင်ကောက်ကျေးရွာနေ ဆယ်အိမ်မှူး ဦးကြည်ဝင်းရဲ့ နေအိမ်မှာ ဒေသဖွံ့ဖြိုး ရေးဆွေးနွေးပွဲ မကျင်းပမီ ၄င်းနေအိမ်မှာ ဦးကြည်ဝင်း၊ ဦးမှိုင်းမောင်၊ ဦးကျော်လွင်တို့နဲ့ တခြားသူတွေ စုဝေးနေကြစဉ် နောင်ကောက်ကျေးရွာ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက ဦးရွှေကျော်က နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို မြစ်ဆုံကိစ္စနဲ့ ပတ်သက်လို့ ညစ်ညမ်းစွာ ဆဲဆိုခဲ့တဲ့အတွက် ကျွန်းလှမြို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကျွန်းလှမြို့နယ် အလုပ်အမှုဆောင် ဒု-ဥက္ကဋ္ဌ ဦးညွန့်တင်က ကျွန်းလှ-သဖန်း ဆိပ် နယ်မြေရဲစခန်းမှာ တရားလိုလုပ်ပြီး အမှုဖွင့်ခဲ့တာပါ။

ကျွန်းလှ-သဖန်းဆိပ် နယ်မြေရဲစခန်း နောင်ကောက် ကျေးရွာ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ဦးရွှေကျော် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ညစ်ညမ်းစွာ ဆဲဆိုခဲ့တဲ့အတွက် (မ) (မ)၃၀/၁၆၊ ရာဇသတ်ကြီးပုဒ်မ ၂၉၄နဲ့ အမှုဖွင့်ပြီးနောက် ၂၀၁၇ ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာ ထောင်ဒဏ် ၁၅ ရက်သာ အမိန့်ချမှတ်ခဲ့တာလည်း ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)