စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့မှာ တရားမ၀င် သယ်ဆောင်လာတဲ့ နွားတွေ ဖမ်းမိ

0
248

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်မှာ ဖေဖော်ဝါရီလ (၁၇)ရက်နေ့က တရားမ၀င် သယ်ဆောင်လာတဲ့ နွားတွေ
ဖမ်းဆီးရမိခဲ့တာပါ။

ခင်ဦး-သင်ပေါင်းလမ်းမှာ အမည်မသိလူ သုံးဦးက နွားထီးငါးကောင် မောင်းနှင်လာတဲ့ လူသုံးဦး သက်ဆိုင်ရာ ရဲတပ်ဖွဲ့က စစ်ဆေးမေးမြန်းရာ နိုင်နိုင်စိုး(ခ)မောင်နိုင် ၂၇နှစ်(ဘ)ဦးခင်မောင်စိုး ကံသစ်ကျေးရွာ ခင်ဦးမြို့နယ် စန်းထိုက်(ခ)ဖိုးပိန် ၁၉နှစ်(ဘ)ဦးလှစော ကံသစ်ကျေးရွာ ခင်ဦးမြို့နယ် အောင်စိုးခိုင်(ခ)အငယ် ၂၄နှစ် (ဘ)ဦးခင်မောင်သိန်း သင်ပေါင်းကျေးရွာ ခင်ဦးမြို့နယ် နေသူတို့ဖြစ်ပြီး နွားများသယ်ဆောင်ခွင့် အထောက် အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်း မရှိခဲ့တဲ့အတွက် အခုလို ဖမ်းဆီးခဲ့တာလည်းဖြစ်ပါတယ်။

ခင်ဦးမြို့မရဲစခန်းက တရားမ၀င်နွားတွေ သယ်ဆောင်လာတဲ့ လူသုံးဦးကို (ပ)၅၉/၂၀၁၇ အရေးကြီးကုန်စည် ပုဒ်မ-၅ အရ အမှုဖွင့် ဖမ်းဆီး အရေးယူထားတာလည်း ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)