သထုံမြို့မှာ ရာဘာရောင်းဝယ်ရေးလုပ်ငန်း ဂိုထောင် မီးလောင်မှု ဖြစ်ပွား

0
324

သထုံမြို့မှာ ရာဘာရောင်းဝယ်ရေးလုပ်ငန်း ဂိုထောင်မှ မီးလောင်ရာ လူနေအိမ်သုံးလုံးပါ မီးလောင် ခံခဲ့ရပါတယ်။ အဲဒီမီးလောင်မှုဟာ ဖေဖော်ဝါရီလ ၁၈ ရက်၊ ဒီကနေ့ မနက် ၃ နာရီ ကဖြစ်ပွားခဲ့တာပါ။

မီးလောင်မှုဟာ ရာဘာရုံမှ လုပ်သားဖြစ်တဲ့ ရာဇာထွန်း (ခ) ရာဇာ ၂၂ နှစ် (ဘ) ဦးတင်စိုး သထုံမြို့နေသူမှ နေအိမ်အောက်ထပ်ရှိ မီးပလပ်ခုံနဲ့ Water Colder ဆက်သွယ်ထားတဲ့၁၁၀ မိန်းထုပ်ကိုရာဘာပြားပေါ် တင်ထားတဲ့အတွက်မိန်းထုပ်က အပူလွန်ပြီး ရာဘာပြားတွေကို လောင်ခဲ့ရာမှတစ်ဆင့် မီးလောင်အား ကောင်းပြီး ဘေးကပ်လျက် အိမ်တွေကို ကူးဆက်လောင်ကျွမ်းခဲ့ပြီး ဒီမီးလောင်မှုကို level 3 အဆင့် သတ်မှတ်ထားပါတယ်။

မီးလောင်မှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ရာဇာထွန်း (ခ) ရာဇာကို သထုံမြို့မရဲစခန်းမှ (ပ) ၂၇၃/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ အရ အမှုဖွင့် အရေးယူ ထားလိုက်ပြီ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)