၂၀၃၄ ကမ္ဘာ့ဖလားပြိုင်ပွဲ အာဆီယံဒေသမှာ ကျင်းပနိုင်ဖို့ ဖီဖာဥက္ကဋ္ဌနဲ့ ဆွေးနွေး

0
367

လာမယ့် ၂၀၃၄ ခုနှစ်မှာကျင်းပမယ့် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကို အာဆီယံဒေသမှာ လက်ခံကျင်းပနိုင်ရေး ဖီဖာဥက္ကဋ္ဌနဲ့ အာဆီယံကြား ဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်။

ဖီဖာဥက္ကဋ္ဌ ဂီယန်နီ အင်ဖန်တီနို ဖေဖော်ဝါရီ ၁၇ ရက်နေ့ မြန်မာနိုင်ငံကို ရောက်ရှိချိန်မှာ ဆွေးနွေးခဲ့ကြတာလို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က အဲဒီလို ပြောကြားခဲ့တာပါ။

ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုဟာ ဦးဇော်ဇော်ရဲ့ ဖိတ်ကြားချက်အရ ရန်ကုန်မြို့မှာ ဖွင့်လှစ်မယ့် ဘောလုံးအကယ်ဒမီအတွက် မြန်မာနိုင်ငံကို လာရောက်ခဲ့တာ ဖြစ်ပါတယ်။

“ဒီနေ့ မနက်ပိုင်းမှာ ကျွန်တော်တို့ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကို အာဆီယံမှာ ဘယ်တော့ လက်ခံကျင်းပနိုင်မလဲဆိုတဲ့ကိစ္စ ဆွေးနွေးကြပါတယ်။ ၂၀၃၄ ခုနှစ်မှာ လုပ်ခံဖို့ ဆွေးနွေးကြပါတယ်”လို့ ဦးဇော်ဇော်က ပြောကြားခဲ့ပါတယ်။

ဖီဖာဥက္ကဋ္ဌကတော့ အာဆီယံတစ်နိုင်ငံတည်းမှာ အားကစားကွင်းတွေ အများကြီးဆောက်တာထက် သုံးနိုင်ငံလောက်က ပူးတွဲ လက်ခံကျင်းပတာမျိုးကို သဘောကျတယ်လို့ ပြန်ပြောခဲ့ပါတယ်။

“ကျွန်တော်ကတော့ ပူးတွဲကျင်းပတာကို ထောက်ခံတယ်။ အဖွဲ့အစည်း ပိုများများ ပါဝင်လာနိုင်တယ်လေ။ အာဆီယံကလည်း ဘောလုံးကို အရူးအမူးချစ်တဲ့ ဒေသတစ်ခုပါ။ ဒါပေမဲ့ အာဆီယံဒေသတွင်းက နိုင်ငံတစ်ခုတည်းမှာ ကမ္ဘာ့ဖလားကို လက်ခံကျင်းပရင် နည်းနည်းခက်နိုင်တယ်။ နိုင်ငံအများနဲ့ဆိုရင်တော့ ဘာမဖြစ်နိုင်စရာ ရှိလဲဗျာ”လို့ ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကို နဂိုက အုပ်စုအဆင့်မှာ နိုင်ငံပေါင်း ၃၂ နိုင်ငံသာ ယှဉ်ပြိုင်ရာကနေ လာမယ့် ၂၀၂၆ မှာတော့ နိုင်ငံပေါင်း ၄၈ နိုင်ငံ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုတော့မှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)