ဒီမိုကရေစီတိုင်းပြည်ဆိုတာ စစ်တပ်ရဲ့ အုပ်ချုပ်မှု အောက်မှာ မရှိရဘူးလို့ ရဲဘော် ဆလိုင်းယောအောင် ပြောကြား

0
245

ဒီမိုကရေစီတိုင်းပြည်ဆိုတာဟာ အစိုးရရဲ့အုပ်ချုပ်မှုအောက်မှာရှိရမယ်၊ စစ်တပ်ရဲ့အုပ်ချုပ်မှုအောက်မှာမရှိရဘူး လို့ကျောင်းသားတပ်မတော် ABSDF ဗဟိုဦးဆောင်ကော်မတီဝင် ရဲဘော်ဆလိုင်းယောအောင်က ပြောကြားလိုက်ပါတယ်။

လက်ရှိမှာငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး မကြာခင်မှာ ကျင်းပတော့မယ် ၂၁ ရာစုပင်လုံညီလာခံနဲ့ ပတ်သက်ပြီး MCN သတင်းဌာနရဲ့ သီးခြားဆက်သွယ်မေးမြန်မှု အပေါ်မှာ အခုလိုပြောကြားလိုက်တာပါ။ ဒါ့အပြင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် အောင်ဆန်းစုကြည်က ပြည်တွင်းငြိမ်းချမ်းရေး အမြန်ရရှိအောင် NCA လက်မှတ် မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေပါ အမြန်ဆုံး လက်မှတ်ထိုးပြီး ပါဝင်လာဖို့ ဖိတ်ခေါ်နေတဲ့ အပေါ်မှာအခုလိုပြောကြားလိုက်တာပါ။

ရဲဘော်ဆလိုင်းယောအောင်က ဆက်လက်ပြောကြားရာမှာ မြန်မာပြည်မှာရှိတဲ့ တိုင်းရင်းသားပြည်သူတွေဟာ ငြိမ်းချမ်းရေးကိုမျှော်လင့်နေကြပြီး တိုင်းရင်းသားပြည်သူတွေရဲ့ ဘဝလုံခြုံမှုရှိဖို့က အရေးကြီးပြီး လက်ရှိမှာ စစ်ရေး တင်းမာမှုတွေကရှိနေပြီး ငြိမ်းချမ်းရေးကိုဘယ်သူတွေက အခက် အခဲဖြစ်အောင် ဖန်တီးနေသလဲ ဆိုတာကိုသိဖို့လိုကြောင်းပြောကြားပါတယ်။

ဒါ့အပြင် ဒီမိုကရေစီတိုင်းပြည်ဆိုတာ အစိုးရရဲ့ အုပ်ချုပ်မှုအောက်မှာ တပ်မတော်ကရှိရမယ်။ တင်မတော်ရဲ့ အုပ်ချုပ်မှုအောက်မှာအစိုးရကမရှိရဘူး။ အခုအနေအထားက ကျွန်တော်တို့ တိုင်းပြည်ဟာ တကယ်ရော ဒီမိုကရေစီ တိုင်းပြည်ဖြစ်ပြီလားဆိုတာကို ကျွန်တော်တို့ပြည်သူတွေသိဖို့ လိုတယ်လို့ပြောသွားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)