အခြေခံအဆောက်အအုံဖွံ့ဖြိုးရေး ဖော်ဆောင်ဖို့ ထိုင်းက မြန်မာကို ဒေါ်လာ သန်း ၁၃၀ ချေးဖို့ သုံးသပ်နေ

0
339

ထိုင်း-မြန်မာ နှစ်နိုင်ငံနယ်စပ် ဆက်သွယ်ရေးစီမံကိန်းတွေအပါအဝင် အခြေခံအဆောက်အအုံတွေ ဖွံ့ဖြိုးမှု ဖော်ဆောင်ရေး စီမံကိန်းတစ်ခုအတွက် အမေရိကန်ဒေါ်လာ သန်း ၁၃၀ နီးပါး (ဘတ် ၄.၅ ဘီလျံ) ချေးဖို့ သုံးသပ်နေပါတယ်။

အဲဒီ စီမံကိန်းထဲမှာ ထိုင်း-မြန်မာ နယ်စပ်က ကချာနာဘူရီပြည်နယ်နဲ့ ထားဝယ်အထူးစီးပွားရေးဇုန်ကို ဆက်သွယ်ပေးမယ့် ၈၂ မိုင် (၁၃၂ ကီလိုမီတာ)ရှည်လျားတဲ့ ကားလမ်းတစ်လမ်းဖောက်မယ့် ဆောက်လုပ်ရေးစီးမံကိန်းလည်း ပါဝင်ပါတယ်။

ပြီးခဲ့တဲ့တစ်ပတ်ကလုပ်တဲ့ ထားဝယ်အထူးစီးပွားရေးဇုန် ပူးတွဲစီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးမှာ မြန်မာအစိုးရဘက်က ချေးငွေ အကူအညီတောင်းခဲ့တာဖြစ်တယ်လို့ ထိုင်း ပို့ဆောင်ရေးဝန်ကြီး အာခွန်မ်တမ်ပစ်တယာပိုင်ဆစ်သ်က ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ ပြောကြားခဲ့တာပါ။

ကချာနာဘီရီပြည်နယ် ဘန်ဖူးနမ်ရွန် နယ်စပ်စစ်ဆေးရေးဂိတ်ကနေ ထားဝယ်အထူးစီးပွားရေးဇုန်အထိ နှစ်လမ်းသွား လမ်းဖောက်လုပ်ဖို့ စီမံကိန်းမှာ ပါရှိပါတယ်။

မြန်မာအစိုးရဟာ ပြီးခဲ့တဲ့တစ်ပတ် အစည်းအဝေးမှာ စီမံကိန်းအတွက် ငွေကြေးအကူအညီတောင်းခံခဲ့သလို မြန်မာ-ထိုင်း နယ်စပ်မှာရှိတဲ့ တာ့ခ်ပြည်နယ်ထဲက မယ်ဆောက်-မြဝတီ အမြဲတမ်းစစ်ဆေးရေးဂိတ်၊ ပရာချွတ်ခီရီခန်းပြည်နယ်ထဲက ဆင်ခွန်-မောတောင် ဖြတ်သန်းဂိတ်နဲ့ မယ်ဟောင်ဆန်ခရိုင်က Huay Ton Nun ဂိတ် စုစုပေါင်း နယ်စပ်စစ်ဆေးရေးဂိတ်သုံးခု ပြင်ဆင်ပြီး အဆင့်မြှင့်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ ဘန်ကောက်ပို့ သတင်းစာက ဖော်ပြခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)