သံပိုက်လုံးကိုယ်ထည်နဲ့ လုပ်ထားတဲ့ ဒေသန္တရ လက်လုပ် ရီမုမိုင်း တွေကို သိမ်းဆည်းရမိ

0
269

အကြမ်းဖက်သောင်းကျန်းသူတွေ ထောင်ထားတဲ့ အချင်း ၃ ဒသမ ၅ လက်မ၊ အမြင့် ၆ လက်မခန့်ရှိတဲ့ သံပိုက်လုံးကိုယ်ထည်နဲ့ ပြုလုပ်ထားတဲ့ ဒေသန္တရ လက်လုပ် ရီမုမိုင်း သုံးလုံး၊ လျှပ်စစ်ဒီတိုနေတာ သုံးခု၊ ၀ါယာကြိုးတစ်ချောင်းနဲ့ ဓာတ်ခဲအသေး ငါးလုံးပါ ဆားကစ်အုံတစ်ခုတို့ကို တပ်မတော် စစ်ကြောင်းက တွေ့ရှိခဲ့ပါတယ်။

အဲဒီမိုင်းတွေကို ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ မူဆယ်မြို့နယ်အတွင်း တပ်မတော်စစ်ကြောင်းက နယ်မြေရှင်းလင်း ဆောင်ရွက်နေစဉ် ဒီကနေ့မနက် ၁၁ နာရီ ၄၅ မိနစ်ခန့်က နမ့်အွန်ကျေးရွာရဲ့မြောက်ဘက် မီတာ ၁၀၀၀ခန့်အကွာ ကားလမ်းမမှာတွေ့ရှိခဲ့တာပါ။ အဲဒီမိုင်းတွေကို တပ်မတော်စစ်ကြောင်းက ရှင်းလင်းပြီး သက်မဲ့ပြုလုပ်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)