မူးယစ်ဆေးဝါး တစ်ဆင့်ပြန်လည် ရောင်းချသူတွေဆီမှ လက်နက်၊ ခဲယမ်း တွေပါ ဖမ်းဆီးရမိ

0
333

မူးယစ်ဆေးဝါးရောင်းချသူ၊ တစ်ဆင့်ပြန်လည်ရောင်းချသူတွေဆီမှ မူးယစ်ဆေးဝါးတွေနဲ့ အတူ လက်နက်၊ ခဲယမ်းများပါ ဖမ်းဆီးရမိခဲ့ပါတယ်။

အဲဒီမူးယစ်ဆေးဝါးတွေကို ဖေဖော်ဝါရီ ၁၅ ရက် ညနေ ၃ နာရီ ၁၅ မိနစ်မှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တာပါ။
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၂)ရပ်ကွက်ရှိ စိုးဝင်း(ဘ)ဦးရှီကျင်ချဲ၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာမှာ စိုးဝင်းနဲ့အတူ နေအိမ် အိပ်ခန်းရှိ ဗီရိုအတွင်းမှ ဘိန်းဖြူ ၁၂ ဒသမ ၅ ဂရမ်ခန့်၊ ICE ၂ ဂရမ်ခန့်၊ 88/1 စာတန်းပါ စိတ်ကြွရူးသွပ် ဆေးပြား ၂၃၈ ပြားနဲ့ဘိန်းဆီခဲ ၆၀ ဂရမ်ခန့် ခန့်မှန်းတန်ဖိုး စုစုပေါင်းငွေကျပ်၂၃ သိန်းကျော်) တို့ကိုတွေ့ရှိပြီး ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် မူးယစ်ဆေးဝါးတွေ ဖြန့်ဖြူးရောင်းချနေတဲ့ ချမ်းမြသာစည် မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်၊ လမ်းသွယ်(၁)ရှိ နေအိမ်ကို သွားရောက်ရှာဖွေရာ 88/1 စာတန်းပါ စိတ်ကြွ ရူးသွပ်ဆေးပြား ၃၃၀၅ ပြား၊ ဘိန်းဖြူ ၅ ဂရမ်ခန့်၊ ICE ၃၁၀ ဂရမ်ခန့်နှင့်ဘိန်းဆီခဲ၈၃၂ ဂရမ်ခန့် (ခန့်မှန်းတန်ဖိုး စုစုပေါင်းငွေကျပ် ၂၆၈ သိန်းကျော်)တို့ကို ထပ်မံသိမ်းဆည်းရမိခဲ့ပါတယ်။

ဆက်လက်ပြီး ကွင်းဆက်သတင်း တွေအရ မူးယစ်ဆေးဝါးများ လက်ဝယ်ထားရှိသူဘိုင်ကြီး(ခ)ခင်မောင်ထွန်းဟာ ပုသိမ်ကြီးမြို့နယ်၊ မဲကင်းကုန်း ကျေးရွာ အုပ်စု၊ စည်ပင်သာယာကျေးရွာ၊ ပုဂံလမ်းရှိ နေအိမ်ကို ရှာဖွေရာ ဘိုင်ကြီးကို အိုက်ရွှေ၊ သိန်းအောင်တို့နဲ့အတူ 88/1 စာတန်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၁၇၀၈၅၈ ပြား၊ ဘိန်းဖြူထည့်ထားတဲ့ ဆပ်ပြာခွက် ၂၉ ခွက် (ခန့်မှန်း ၃၄၈ ဂရမ်ခန့်)၊ ICE ၁ ကီလိုခန့်၊ Coldifed စာတန်းပါ ဆူဒိုအက်ဖ်ဖီဒရင်းဆေးပြား ၁၃၀၀၀ ပြား၊ ဘိန်းဆီခဲ ၇၅၀ ဂရမ်ခန့်(ခန့်မှန်းတန်ဖိုး စုစုပေါင်း ငွေကျပ်သိန်း ၉၀၀၀ ကျော်)၊STAR S.A cal 7.65-32 စာတန်းပါ စပိန်နိုင်ငံလုပ် ၃၂ ဗို့ ပစ္စတိုသေနတ်တစ်လက်၊ ၎င်းကျည် ၈၃ တောင့်၊ Mark IIအမျိုးအစား မော်တော်ယာဉ်အမှတ် YGN-7F/—— တစ်စီး၊ Luojia အမျိုးအစားနဲ့ Viva အမျိုးအစား မော်တော် ဆိုင်ကယ်နှစ်စီးတို့နဲ့အတူ တွေ့ရှိပြီးဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)