NLD အစိုးရလက်ထက်မှာ ပြည်ပ ကုန်သွယ်မှု လိုငွေ အမေရိကန်ဒေါ်လာ သန်း ၃၀၀၀ ကျော်ရှိ

0
360

NLD အစိုးရလက်ထက်မှာ ပြည်ပ ကုန်သွယ်မှု လိုငွေ အမေရိကန်ဒေါ်လာ သန်း ၃၀၀၀ ကျော် ရှိခဲ့တယ်လို့ ဗဟိုစာရင်းအင်းအဖွဲ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

REUTERS/Soe Zeya Tun (MYANMAR – Tags: BUSINESS) – RTR3WRQY

ဖေဖော်ဝါရီလ (၁၈) ရက်နေ့က နိုင်ငံပိုင်သတင်းစာတွေမှာ ဗဟိုစာရင်းအင်းအဖွဲ့က လစဉ်တင်ပြတဲ့ ပို့ကုန်၊ သွင်းကုန်အခြေအနေအစီရင်ခံစာပါ အချက်အလက်တွေကို ကိုးကားပြီး အဲ့ဒီလို ဖော်ပြလာတာပါ။

အဲ့ဒီကိန်းဂဏန်းတွေအရ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် ဧပြီလကနေ ဒီဇင်ဘာလအတွင်း မြန်မာနိုင်ငံရဲ့ ပုံမှန်ပို့ကုန်တန်ဖိုးက အမေရိကန် ဒေါ်လာ ၅၁၆၅ ဒသမ ၁၆ သန်း၊ နယ်စပ်ပို့ကုန်တန်ဖိုးက အမေရိကန်ဒေါ်လာ ၃၃၃၇ ဒသမ ၂၇ သန်းနဲ့ စုစုပေါင်းပို့ကုန်တန်ဖိုးက အမေရိကန်ဒေါ်လာ ၈၅ဝ၂ ဒသမ ၄၃ သန်းရှိခဲ့တာ ဖြစ်ပါတယ်။

အလားတူ ပုံမှန်သွင်းကုန်တန်ဖိုးကတော့ အမေရိကန်ဒေါ်လာ ၉၅ဝ၃ ဒသမ ၅၆ သန်း၊ နယ်စပ်သွင်းကုန်တန်ဖိုးက အမေရိကန်ဒေါ်လာ ၂၁ဝ၃ ဒသမ ၆၂ သန်းနဲ့ စုစုပေါင်းသွင်းကုန်တန်ဖိုးက အမေရိကန်ဒေါ်လာ ၁၁၆ဝ၇ ဒသမ ၁၈ သန်းရှိခဲ့တာပါ။

ဒါကြောင့်  ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် ဧပြီလကနေ ဒီဇင်ဘာလအတွင်း စုစုပေါင်းကုန်သွယ်မှုပမာဏက ၂ဝ၁ဝ၉ ဒသမ ၆၁ သန်းဖြစ်ပြီး စုစုပေါင်းကုန်သွယ်မှုလိုငွေမှာ အမေရိကန်ဒေါ်လာ ၃၁ဝ၄ ဒသမ ၇၅ သန်းဖြစ်ပေါ်ခဲ့တယ်လို့ ဖော်ပြလာတာပါ။

ပြီးခဲ့တဲ့ အစိုးရလက်ထက် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှာတော့ ပြည်ပကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ သန်းပေါင်း ၅၀၀၀ ကျော်ရှိခဲ့တာပါ။ ဒါကြောင့် NLD အစိုးရလက်ထပ်မှာ ပြည်ပကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ သန်းပေါင်း ၂၀၀၀ နီးပါး ကျဆင်းလာတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)