မောင်တောဒေသ စစ်ဆင်ရေးတွေမှာ တပ်မတော် ပါဝင် ဆောင်ရွက် မပေးတော့ဟုဆို

0
254

ရခိုင်ပြည်နယ်၊ မောင်တောဒေသ နယ်မြေ ရှင်းလင်းရေး စစ်ဆင်ရေးတွေမှာ တပ်မတော်က ဆောင်ရွက် မပေးတော့ဘူးလို့ သတင်းထုတ်ပြန်လိုက်ပါတယ်။

Army soldiers carry weapons as they walk to the earthquake struck area in Tarlay, Myanmar March 28, 2011. REUTERS/Soe Zeya Tun

ဖေဖော်ဝါရီလ (၁၈) ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ တပ်မတော်ရဲ့ သတင်းထုတ်ပြန်ချက်ကို အဲ့ဒီလို ဖော်ပြလာတာပါ။

ဒီလိုဖော်ပြရာမှာတော့ တပ်မတော်အနေနဲ့ ပါဝင်မှုမရှိတော့ပေမယ့် နယ်မြေဒေသ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေ စိုးမိုးရေးလုပ်ငန်းတွေကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ ဆောင်ရွက်ချက်တွေကိုပူးပေါင်း ကူညီဆောင်ရွက် ပေးနေတယ်လို့လည်း တပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။

မောင်းတောဒေသ အကြမ်းဖက်တိုက်ခိုက်မှုအတွင်းမှာတော့ တိုက်ပွဲ အကြိမ် (၂၀) လောက်ဖြစ်ပွားခဲ့ပြီး တပ်မတော်သား (၇) ဦး၊ ရဲတပ်ဖွဲ့ဝင် (၁ဝ) ဦး စုစုပေါင်း (၁၇) ဦး ကျဆုံးခဲ့ပြီး လက်နက် (၄၀) ကျော်နဲ့ ကျည်တောင့်မျိုးစုံ (၉) ထောင် ကျော်လည်း ပျောက်ဆုံလျှက်ရှိနေတုန်းပါ။

အဲ့ဒီ တိုက်ပွဲတွေထဲမှာတော့ အကြမ်းဖက်သမား (၆၉) ဦး သေဆုံးခဲ့ပြီး (၅၈၅) ဦး ဖမ်းဆီး စစ်ဆေးမှုတွေကို ပြုလုပ်ခဲ့ကာ အဲ့ဒီထဲက (၅၁) ဦးကို ပြန်လည် လွှတ်ပေးထားပြီး (၈) ဦး ရောဂါနဲ့ သေဆုံးခဲ့သလို လက်ရှိအခြေအနေမှာတော့ (၅၂၆) ဦးကို စစ်ဆေးနေတုန်းပဲလို့လည်း ဆိုပါတယ်။

အဲ့ဒီဖြစ်စဉ်တွေထဲမှာပဲ အကြမ်းဖက်သမားတွေရဲ့ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် အပြစ်မဲ့အရပ်သား (၁၃) ဦး လည်း သေဆုံးခဲ့တာပါ။

လက်ရှိ အခြေအနေမှာတော့ ၂ဝ၁၆ ခုနှစ် အောက်တိုဘာ ၉ ရက်နေ့က စတင် ထုတ်ပြန်ခဲ့တဲ့ ညမထွက်ရအမိန့် ည ၇ နာရီမှ နံနက် ၆ နာရီအထိ အစား ၂ဝ၁၇ ခုနှစ် ဖေဖော်ဝါရီ ၉ မှာတော့ ည ၉ နာရီမှ နံနက် ၅ နာရီအထိ ပြန်လည်လျှော့ပေါ့ ထုတ်ပြန်ပေးထားတယ်လို့လည်း သတင်းထုတ်ပြန်ချက်တွေက ဆိုပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)