နိုင်ငံသားဖြစ်ခွင့် မရှိသူတွေကို နိုင်ငံသား ဖြစ်ခွင့် ပြုမယ့်ဆောင်ရွက်ချက်တွေကို လက်မခံဟု ကြံ့ခိုင်ရေးပါတီဆို

0
319

တည်ဆဲဥပဒေတွေအရ နိုင်ငံသားဖြစ်ခွင့် မရှိသူတွေကို နိုင်ငံသား ဖြစ်ခွင့် ပြုဖို့ ဦးတည်နေတဲ့ ဘယ်လိုဆောင်ရွက်ချက်ကို မဆို ကြံ့ခိုင်ရေးပါတီက လက်သင့်မခံပဲ ဆန့်ကျင်သွားမယ်လို့ ပြောကြားလိုက်ပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲအကြိုကာလ မဲဆွယ်စည်းရုံးရေးအနေနဲ့ ရခိုင်ပြည်နယ်ကို ရောက်ရှိနေတဲ့ ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေက စစ်တွေမြို့မှာ ပါတီဝင်တွေနဲ့ တွေ့ဆုံစဉ် အဲ့ဒီလိုပြောကြားလိုက်တာပါ။

ဒီလိုပြောကြားရာမှာောတ့ ပြည်ထောင်စုရဲ့ သွေးသားမဟုတ်သူတွေက ပြည်ထောင်စုသား ဖြစ်ခွင့်အတွက် အပြင်းအထန်၊ အသည်းအသန်၊ တရားသော နည်း၊ မတရားသောနည်းတွေနဲ့ ကြိုးပမ်းနေမှုတွေရှိတယ်လို့လည်း ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)