ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နဲ့ Asian Network for Free Elections တို့ တွေ့ဆုံ

0
34

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က Asian Network for Free Elections (ANFREL) အဖွဲ့နဲ့ တွေ့ဆုံပြီး လာမယ့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ ပူးပေါင်းလုပ်ဆောင်မယ့် အစီအစဉ်တွေကို ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

ဇန်နဝါရီလ ၁၇ ရက်နေ့က နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမမှာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က Asian Network for Free Elections (ANFREL) အမှုဆောင်ညွှန်ကြားရေးမှူး Ms. Chandanie Watawala ဦးဆောင်တဲ့ အဖွဲ့နဲ့ ဆွေးနွေးခဲ့တာပါ။



ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က Asian Network for Free Elections (ANFREL) အဖွဲ့နဲ့ တွေ့ဆုံပြီး လာမယ့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ ပူးပေါင်းလုပ်ဆောင်မယ့် အစီအစဉ်တွေကို ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

ဇန်နဝါရီလ ၁၇ ရက်နေ့က နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမမှာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က Asian Network for Free Elections (ANFREL) အမှုဆောင်ညွှန်ကြားရေးမှူး Ms. Chandanie Watawala ဦးဆောင်တဲ့ အဖွဲ့နဲ့ ဆွေးနွေးခဲ့တာပါ။

လာမယ့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို လွတ်လပ်မှု၊ တရားမျှတမှု၊ ပွင့်လင်းမြင်သာရှိမှု၊ အများယုံကြည်လက်ခံမှု၊ ပြည်သူ့ဆန္ဒနဲ့ ရွေးကောက်ပွဲရလဒ်တစ်ထပ်တည်း ဖြစ်စေရေး စတဲ့ စံ (၅) ချက်နဲ့ အညီကျင်းပနိုင်ဖို့ ကြိုတင်ပြင်ဆင်ဆောင်ရွက်နေတဲ့ အခြေအနေတွေ၊ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေး အတွက် ဆောင်ရွက်မည့်အစီအစဉ်တွေ၊ ရွေးကောက်ပွဲဆိုင်ရာ ပြည်သူလူထု အသိပညာပေးလုပ်ငန်း (Civic Education) နဲ့ မဲဆန္ဒရှင် အသိပညာပေးလုပ်ငန်း (Voter Education) စတဲ့ လုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။