
0
2117



………………. ။ ။ ……………….

နယ်စပ်ဒေသတည်ငြိမ်ရေးအတွက် တရုတ် နဲ့ မြန်မာ ဆွေးနွေး

မြန်မာ နဲ့ တရုတ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး အပြင် မြန်မာနိုင်ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ တရုတ်နိုင်ငံက အပြုသဘောဆောင်တဲ့ ကူညီပံ့ပိုးမှုများပေးအပ်ရေး တို့အတွက် ဆွေးနွေးမှုတွေလုပ်ခဲ့ပါတယ်။

မြန်မာနိုင်ငံ နဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့ ရဲ့ တတိယအကြိမ် မြန်မာ-တရုတ် နိုင်ငံခြားရေးဝန်ကြီး ဌာနနဲ့ ကာကွယ်ရေးဝန်ကြီးဌာနတို့ ဦးဆောင် တဲ့ (၂+၂) အဆင့်မြင့်ဆွေးနွေးပွဲကို ၁၇-၁-၂၀၁၈ ရက်နေ့တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဧရာဝတီခန်းမ၌ ကျင်းပပြုလုပ်ချိန် အတွင်း ဆွေးနွေးမှုတွေလုပ်ခဲ့ပါတယ်။

ဒါ့အပြင် တရုတ် နဲ့ မြန်မာနိုင်ငံတို့ဟာ နှစ်နိုင်ငံ နယ်စပ်ဒေသများမှာ တရားမဝင် ဝင်/ထွက်သွားလာမှုများ တားဆီးကာကွယ်ရေး၊ လူကုန်ကူးမှု နဲ့ မူးယစ် ဆေးဝါးရောင်းဝယ်ဖောက်ကားမှုများ တားဆီးနှိမ်နင်းရေး၊ တရားဝင် ကူးသန်းရောင်း ဝယ်မှုများ ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ဒေသများရဲ့ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)