ထုိင္းႏုိင္ငံကို တရားဝင္သြားေရာက္ အလုပ္လုပ္သူဦးေရ တစ္သိန္းေလးေသာင္းေက်ာ္ ရွိ

0
2071

ထိုင္းႏိုင္ငံကို ျမန္မာႏုိင္ငံကေန သြားေရာက္အလုပ္လုပ္ကိုင္ေနတဲ့ တရားဝင္ အလုပ္သမားဦးေရမွာ ၂၀၁၇ ခုႏွစ္အတြင္း တစ္သိန္းေလးေသာင္းေက်ာ္ ရွိတယ္လို႔ အလုပ္သမား၊ လူ၀င္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အား၀န္ႀကီးဌာနက သတင္းထုတ္ျပန္ထားပါတယ္။

ျမန္မာႏိုင္ငံမွာ အေျခခံအလုပ္အကိုင္ရွားပါးျခင္း၊ လုပ္ခလစာနည္းပါးျခင္းက တိုင္းေဒသႀကီးျပည္နယ္အႏွံ႔မွ လူငယ္လူရြယ္မ်ားကို ျပည္ပသို႔ ထြက္ခြာ အလုပ္လုပ္ဖုိ႔ တြန္းအားေပးေနၿပီး အျခားအိမ္နီးခ်င္းႏိုင္ငံမ်ားအနက္ ထိုင္းႏိုင္ငံဆီထြက္ခြာအလုပ္လုပ္သူ ပိုမ်ားေနပါတယ္။

အလုပ္သမား၊ လူ၀င္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အား၀န္ႀကီးဌာနက ထုတ္ျပန္သည့္အခ်က္အရ ျမန္မာႏုိင္ငံမွ ထိုင္းႏုိင္ငံသို႔ တရား၀င္ထြက္ခြာ အလုပ္လုပ္သူ ၂၀၁၇ ခုႏွစ္ ဇန္န၀ါရီလအတြင္း ၁၀၆၁၁ ဦး၊ ေဖေဖာ္၀ါရီလအတြင္း ၃၆၁၄ ဦး၊ မတ္လအတြင္း ၁၅၆၅၆ ဦး၊ ဧၿပီလအတြင္း ၉၄၃၇ ဦး၊ ေမလအတြင္း ၁၂၈၇၇ ဦး၊ ဇြန္လအတြင္း ၁၅၀၇၃ ဦး၊ ဇူလိုင္လအတြင္း ၁၂၂၈၀၊ ၾသဂုတ္လအတြင္း ၁၆၅၆၀၊ စက္တင္ဘာလအတြင္း ၁၈၅၀၅ ဦး၊ ေအာက္တိုဘာလအတြင္း ၁၄၂၅၂ ဦး၊ ႏို၀င္ဘာလအတြင္း ၁၂၁၆၀ ႏွင့္ ဒီဇင္ဘာလတြင္ ၁၀၆၁၇ ဦးရွိခဲ့ၿပီး ၂၀၁၇ ခုႏွစ္အတြင္း စုစုေပါင္းအလုပ္သမား ၁၄၈၉၄၂ ဦး ထိုင္းႏိုင္ငံကိုသြားေရာက္ အလုပ္လုပ္ကိုင္ခဲ့တယ္လုိ႔ေဖာ္ျပထားပါတယ္။
………………… ။ ။ …………………

ထိုင်းနိုင်ငံကို တရားဝင်သွားရောက် အလုပ်လုပ်သူဦးရေ တစ်သိန်းလေးသောင်းကျော် ရှိ

ထိုင်းနိုင်ငံကို မြန်မာနိုင်ငံကနေ သွားရောက်အလုပ်လုပ်ကိုင်နေတဲ့တရားဝင် အလုပ်သမားဦးရေမှာ ၂၀၁၇ ခုနှစ်အတွင်း တစ်သိန်းလေးသောင်းကျော်ရှိတယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ အခြေခံအလုပ်အကိုင်ရှားပါးခြင်း၊ လုပ်ခလစာနည်းပါးခြင်းက တိုင်းဒေသကြီးပြည်နယ်အနှံ့မှ လူငယ်လူရွယ်များကို ပြည်ပသို့ ထွက်ခွာအလုပ်လုပ်ဖို့ တွန်းအားပေးနေပြီး အခြားအိမ်နီးချင်းနိုင်ငံများအနက် ထိုင်းနိုင်ငံဆီထွက်ခွာအလုပ်လုပ်သူ ပိုများနေပါတယ်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ထုတ်ပြန်သည့်အချက်အရ မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ တရားဝင်ထွက်ခွာအလုပ်လုပ်သူ ၂၀၁၇ ခုနှစ် ဇန်နဝါရီလအတွင်း ၁၀၆၁၁ ဦး၊ ဖေဖော်ဝါရီလအတွင်း ၃၆၁၄ ဦး၊ မတ်လအတွင်း ၁၅၆၅၆ ဦး၊ ဧပြီလအတွင်း ၉၄၃၇ ဦး၊ မေလအတွင်း ၁၂၈၇၇ ဦး၊ ဇွန်လအတွင်း ၁၅၀၇၃ ဦး၊ ဇူလိုင်လအတွင်း ၁၂၂၈၀၊ သြဂုတ်လအတွင်း ၁၆၅၆၀၊ စက်တင်ဘာလအတွင်း ၁၈၅၀၅ ဦး၊ အောက်တိုဘာလအတွင်း ၁၄၂၅၂ ဦး၊ နိုဝင်ဘာလအတွင်း ၁၂၁၆၀ နှင့် ဒီဇင်ဘာလတွင် ၁၀၆၁၇ ဦးရှိခဲ့ပြီး ၂၀၁၇ ခုနှစ်အတွင်း စုစုပေါင်းအလုပ်သမား ၁၄၈၉၄၂ ဦး ထိုင်းနိုင်ငံကိုသွားရောက်အလုပ်လုပ်ကိုင်ခဲ့တယ်လို့ဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)