ျမန္မာအပါဝင္ အေရွ႕ေတာင္အာရွိ ၉ ႏိုင္ငံမွာ ဆင္ေျခေထာက္ေရာဂါ အျမစ္တြယ္ေန

0
2119

အေရွ႕ေတာင္အာရွေဒသဆိုင္ရာ ႏိုင္ငံ(၁၁)ႏိုင္ငံအနက္ ျမန္မာႏိုင္ငံအပါအဝင္ ႏိုင္ငံ(၉)ႏိုင္ငံမွာ ဆင္ေျခေထာက္ ေရာဂါ အျမစ္တြယ္မႈရွိၿပီး ျပည္သူလူထုအတြင္း က်န္းမာေရး ျပႆနာတစ္ရပ္အျဖစ္ တည္ရွိေနပါတယ္တယ္လို႔ ေနျပည္ေတာ္ ေကာင္စီဝင္ ဦးတင္ထြန္းကေျပာပါတယ္။

၂ဝ၂ဝ ခုႏွစ္တြင္ ဆင္ေျခေထာက္ေရာဂါ ကင္းေဝးေရး ရည္မွန္းခ်က္ကို ျမန္မာႏိုင္ငံအပါအဝင္ ဆင္ေျခေထာက္ေရာဂါ အျမစ္တြယ္မႈရွိတဲ့ ႏိုင္ငံမ်ားက အေကာင္အထည္ေဖာ္ ေဆာင္ရြက္သြားရန္ ဆံုးျဖတ္ထားၿပီး ဆင္ေျခေထာက္ ေရာဂါ အျမစ္တြယ္မႈရွိတဲ့ ေဒသတြင္းရွိ လူအားလံုးေဆးေကၽြးမႈ လုပ္ငန္း ေဆာင္ရြက္ဖို႔ နဲ႔ ဆင္ေျခေထာက္ေရာဂါ ေဝဒနာခံစားေနရသူမ်ားကို ကုသမႈေပးမႈ ၊ ျပည္သူလူထုအေျချပဳ မိသားစုအတြင္း ျပဳစုေစာင့္ေရွာက္မႈေပးျခင္း နည္းဗ်ဴဟာႏွစ္ခု ခ်မွတ္ႏိုင္ခဲ့ပါတယ္။

ဆင္ေျခေထာက္ေရာဂါ ကင္းေဝးေရးစီမံခ်က္အရ လူအားလံုး ေဆးေကၽြးျခင္းကို တစ္ႏွစ္ကို တစ္ႀကိမ္ နဲ႔ (၅)ႏွစ္ဆက္တိုက္ အနည္းဆံုး တိုက္ေကၽြးေပးမွာလည္းျဖစ္ပါတယ္။
………………… ။ ။ …………………

မြန်မာအပါဝင် အရှေ့တောင်အာရှိ ၉ နိုင်ငံမှာ ဆင်ခြေထောက်ရောဂါ အမြစ်တွယ်နေ

အရှေ့တောင်အာရှဒေသဆိုင်ရာ နိုင်ငံ(၁၁)နိုင်ငံအနက် မြန်မာနိုင်ငံအပါအဝင် နိုင်ငံ(၉)နိုင်ငံမှာ ဆင်ခြေထောက် ရောဂါ အမြစ်တွယ်မှုရှိပြီး ပြည်သူလူထုအတွင်း ကျန်းမာရေး ပြဿနာတစ်ရပ်အဖြစ် တည်ရှိနေပါတယ်တယ်လို့ နေပြည်တော် ကောင်စီဝင် ဦးတင်ထွန်းကပြောပါတယ်။

၂ဝ၂ဝ ခုနှစ်တွင် ဆင်ခြေထောက်ရောဂါ ကင်းဝေးရေး ရည်မှန်းချက်ကို မြန်မာနိုင်ငံအပါအဝင် ဆင်ခြေထောက်ရောဂါ အမြစ်တွယ်မှုရှိတဲ့ နိုင်ငံများက အကောင်အထည်ဖော် ဆောင်ရွက်သွားရန် ဆုံးဖြတ်ထားပြီး ဆင်ခြေထောက် ရောဂါ အမြစ်တွယ်မှုရှိတဲ့ ဒေသတွင်းရှိ လူအားလုံးဆေးကျွေးမှု လုပ်ငန်း ဆောင်ရွက်ဖို့ နဲ့ ဆင်ခြေထောက်ရောဂါ ဝေဒနာခံစားနေရသူများကို ကုသမှုပေးမှု ၊ ပြည်သူလူထုအခြေပြု မိသားစုအတွင်း ပြုစုစောင့်ရှောက်မှုပေးခြင်း နည်းဗျူဟာနှစ်ခု ချမှတ်နိုင်ခဲ့ပါတယ်။

ဆင်ခြေထောက်ရောဂါ ကင်းဝေးရေးစီမံချက်အရ လူအားလုံး ဆေးကျွေးခြင်းကို တစ်နှစ်ကို တစ်ကြိမ် နဲ့ (၅)နှစ်ဆက်တိုက် အနည်းဆုံး တိုက်ကျွေးပေးမှာလည်းဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)