
0
2131




…………………… ။ ။ ……………………

JMC က ချမှတ်ထားတဲ့ သဘောတူညီချက်များ၊ ကတိကဝတ်များမှာ အသက်သွေး ကြောဖြစ်

JMC က ချမှတ်ထားတဲ့ သဘောတူညီချက်များ၊ ကတိကဝတ်များဟာ အသက်သွေးကြောဖြစ်တယ်လို့ JMC-U ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ပြောပါတယ်။

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) ၏ (၁၄) ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှာ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က အခုလိုမျိုးပြောခဲ့တာပါ။

“တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ငြိမ်းချမ်းရေးမဟာဗျူဟာအဖြစ် သတ်မှတ် ဆောင်ရွက်ခဲ့ပြီး NCA ကို အခြေခံ ရည်မှန်းချက် ချမှတ်ဆောင်ရွက်ရာမှာ ရည်မှန်းချက် နဲ့ ရည်မှန်းချက်သို့ သွားရာလမ်းကြောင်း တူညီဖို့လိုအပ်တယ်လို့ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်ကပြောပါတယ်။

ဒါမှသာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အခက်အခဲမရှိဘဲ ဆောင်ရွက်နိုင်မည်ဖြစ်ပြီး JMC အနေနဲ့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ခိုင်မာရေး၊ ဒေသဖွံ့ဖြိုးရေး စတဲ့ ရည်မှန်းချက်များဖြင့် ဆောင်ရွက်နေတယ်လို့ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်ပြောခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)