သိန္းနီၿမိဳ႕ နဲ႔ ကြတ္ခိုင္ၿမိဳ႕မွာ ေငြက်ပ္သိန္းေပါင္း ၇ သိန္းေက်ာ္ မူးယစ္ေဆးဝါး ဖမ္းမိ

0
2102

သိန္းနီၿမိဳ႕ နဲ႔ ကြတ္ခုိင္ၿမိဳ႕မွာ ေငြက်ပ္သိန္းေပါင္း ၇၂၈ဝဝဝ ေက်ာ္တန္ဖုိးရွိ မႈးယစ္ေဆးဝါးမ်ား ဖမ္းမိခဲ့ပါတယ္။

ဇန္နဝါရီ ၁၆ ရက္ နံနက္ ၆ နာရီက သိန္းနီၿမိဳ႕အထြက္ အိုရီယမ္တယ္တိုးဂိတ္အနီးမွာ ေက်ာ္ထြန္း (ခ) အိုက္ထြန္း ေမာင္းႏွင္ၿပီး စိုင္းလွေက်ာ္ လိုက္ပါလာတဲ့ ယာဥ္မွ ဘိန္းျဖဴဆပ္ျပာ ခြက္ ၁၁၃၉ ခြက္ (အေလးခ်ိန္ ၁၂ ဒသမ ၅၂၉ ကီလို) နဲ႔ စိတ္ၾကြ႐ူးသြပ္ေဆးျပား ၄ဝဝဝ တို႔ကို သိမ္းဆည္းရမိခဲ့ပါတယ္။

ကြင္းဆက္အရ ကြမ္းလုံ-နမ့္စလပ္-သိန္းနီၿမိဳ႕အဝင္ အိုရီယမ္တယ္ တိုးဂိတ္အနီးတြင္ မူးယစ္ေဆးဝါးမ်ား ပိုင္ရွင္ျဖစ္တဲ့ ရန္အယ္ နဲ႔ ကူက်န္းလွ်န္တို႔အားဖမ္းဆီးရမိပါတယ္။

ကြင္းဆက္ေဖာ္ထုတ္ခ်က္အရ ဇန္နဝါရီ ၁၇ ရက္ နံနက္ ၉ နာရီခန္႔က ကြတ္ခိုင္ၿမိဳ႕နယ္ လြယ္ခန္ေက်းရြာေန ေလာက္ေယာင္းရဲ႕ ေနအိမ္ကို ဝင္ေရာက္ရွာေဖြရာ ေနအိမ္မွာ လူတစ္ေယာက္မွ မရွိဘဲ ေနအိမ္အတြင္းမွာ စိတ္ၾကြ ႐ူးသြပ္ေဆးျပား သိန္း ၃ဝဝ ၊ အိုက္စ္ အေလးခ်ိန္ ၁၇၅ဝ ကီလို၊ ဘိန္းျဖဴ ဘေလာက္တုံး ၁၃၆ဝ (အေလးခ်ိန္ ၄၆၂ ဒသမ ၄ ကီလို)၊ ဘိန္းျဖဴဆပ္ျပာခြက္ ၃၃ဝဝ (အေလးခ်ိန္ ၃၉ ဒသမ ၆ ကီလို) စုစုေပါင္း ဘိန္းျဖဴ အေလးခ်ိန္ ၅ဝ၂ ကီလို ႏွင့္ စုစုေပါင္း ကဖင္း ၂ဝဝ ကီလို စုစုေပါင္း တန္ဖိုးေငြက်ပ္ သိန္းေပါင္း ၇၂၈ဝဝဝ ေက်ာ္ သိမ္းဆည္းႏိုင္ခဲ့ပါတယ္။
………………….. ။ ။ ……………………..

သိန်းနီမြို့ နဲ့ ကွတ်ခိုင်မြို့မှာ ငွေကျပ်သိန်းပေါင်း ၇၂၈ဝဝဝ ကျော် မူးယစ်ဆေးဝါး ဖမ်းမိ

သိန်းနီမြို့ နဲ့ ကွတ်ခိုင်မြို့မှာ ငွေကျပ်သိန်းပေါင်း ၇ သိန်းကျော်တန်ဖိုးရှိ မှုးယစ်ဆေးဝါးများဖမ်းမိခဲ့ပါတယ်။

ဇန်နဝါရီ ၁၆ ရက် နံနက် ၆ နာရီက သိန်းနီမြို့အထွက် အိုရီယမ်တယ်တိုးဂိတ်အနီးမှာ ကျော်ထွန်း (ခ) အိုက်ထွန်း မောင်းနှင်ပြီး စိုင်းလှကျော် လိုက်ပါလာတဲ့ ယာဉ်မှ ဘိန်းဖြူဆပ်ပြာ ခွက် ၁၁၃၉ ခွက် (အလေးချိန် ၁၂ ဒသမ ၅၂၉ ကီလို) နဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၄ဝဝဝ တို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။

ကွင်းဆက်အရ ကွမ်းလုံ-နမ့်စလပ်-သိန်းနီမြို့အဝင် အိုရီယမ်တယ် တိုးဂိတ်အနီးတွင် မူးယစ်ဆေးဝါးများ ပိုင်ရှင်ဖြစ်တဲ့ ရန်အယ် နဲ့ ကူကျန်းလျှန်တို့အားဖမ်းဆီးရမိပါတယ်။

ကွင်းဆက်ဖော်ထုတ်ချက်အရ ဇန်နဝါရီ ၁၇ ရက် နံနက် ၉ နာရီခန့်က ကွတ်ခိုင်မြို့နယ် လွယ်ခန်ကျေးရွာနေ လောက်ယောင်းရဲ့ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ နေအိမ်မှာ လူတစ်ယောက်မှ မရှိဘဲ နေအိမ်အတွင်းမှာ စိတ်ကြွ ရူးသွပ်ဆေးပြား သိန်း ၃ဝဝ ၊ အိုက်စ် အလေးချိန် ၁၇၅ဝ ကီလို၊ ဘိန်းဖြူ ဘလောက်တုံး ၁၃၆ဝ (အလေးချိန် ၄၆၂ ဒသမ ၄ ကီလို)၊ ဘိန်းဖြူဆပ်ပြာခွက် ၃၃ဝဝ (အလေးချိန် ၃၉ ဒသမ ၆ ကီလို) စုစုပေါင်း ဘိန်းဖြူ အလေးချိန် ၅ဝ၂ ကီလို နှင့် စုစုပေါင်း ကဖင်း ၂ဝဝ ကီလို စုစုပေါင်း တန်ဖိုးငွေကျပ် သိန်းပေါင်း ၇၂၈ဝဝဝ ကျော် သိမ်းဆည်းနိုင်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)