ရခုိင္စာေရးဆရာ နဲ႔ ေဒါက္တာေအးေမာင္ကို ၁၇(၁) နဲ႔ အမႈဖြင့္ထား

0
2103

ရခိုင္ျပည္နယ္ ရေသ့ေတာင္ၿမိဳ႕နယ္မွာ ဇန္န၀ါရီ ၁၅ ရက္က ျပဳလုပ္တဲ့ ရခုိင္ႏိုင္ငံေတာ္ အခ်ဳပ္အျခာအာဏာက်ဆုံးျခင္း (၂၃၃) ႏွစ္ေျမာက္ ဝမ္းနည္းဖြယ္အထိမ္းအမွတ္ စာေပေဟာေျပာပြဲ မွာ ေဟာေျပာသူ ေဒါက္တာေအးေမာင္ နဲ႔ စာေရးဆရာ ေဝဟင္ေအာင္တို႔ႏွစ္ဦးကို ရေသ့ေတာင္ၿမိဳ႕နယ္ ရဲစခန္းက မတရားအသင္းအက္ဥပေဒပုဒ္မ ၁၇ (၁) အမႈဖြင့္အေရးယူ ထားပါတယ္။

ေဒါက္တာေအးေမာင္ နဲ႔ စာေရးဆရာ ေ၀ဟင္ေအာင္ (ခ) ေအာင္ေက်ာ္၀င္း တိုရဲ႕ ေဟာေျပာခ်က္မ်ား နဲ႔ ပတ္သက္လို႔ ဇန္န၀ါရီ ၁၆ ရက္တြင္ က်င္းပတဲ့ ရခုိင္ျပည္နယ္ အစုိးရအဖြဲ႕အစည္းအေ၀း အမွတ္စဥ္ (၄/၂၀၁၈) မွ ၎တို႕ႏွစ္ဦးအား ႏိုင္ငံေတာ္သစၥာေဖာက္ဖ်က္ ပုန္ကန္မႈ ရာဇသတ္ႀကီးပုဒ္မ ၁၂၁ (ခ) (ဂ) ၊ ႏိုင္ငံေတာ္ အၾကည္ညိဳ ပ်က္ေစမႈ ရာဇသတ္ႀကီးပုဒ္မ ၅၀၅ (ခ) (ဂ) ၊ မတရားအသင္းအက္ဥပေဒပုဒ္မ (၁၇) (၁) (၂) တို႕ျဖင့္ အမႈဖြင့္တရားစြဲဆုိသြားဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။

ရေသ့ ေတာင္ၿမိဳ႕နယ္ ရဲစခန္းက ဇန္န၀ါရီ ၁၆ ရက္ ညေနပိုင္းက မတရားအသင္းအက္ဥပေဒပုဒ္မ ၁၇ (၁) ျဖင့္ အမႈဖြင့္ခဲ့ၿပီးေနာက္ ည ၈ နာရီမိနစ္ ၂၀ ခန္႕မွာ ေ၀ဟင္ေအာင္ (ခ) ေအာင္ေက်ာ္ဝင္းကို စစ္ေတြၿမိဳ႕နယ္ ရဲစခန္းအခ်ဳပ္မွာ အမႈနဲ႔ ဖမ္းဆီးခ်ဳပ္ေႏွာင္ထားခဲ့ပါတယ္။
………………… ။ ။ …………………

ရခိုင်စာရေးဆရာ နဲ့ ဒေါက်တာအေးမောင်ကို ၁၇(၁) ဖြင့် အမှုဖွင့်ထား

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မှာ ဇန်နဝါရီ ၁၅ ရက်က ပြုလုပ်တဲ့ ရခိုင်နိုင်ငံတော် အချုပ်အခြာအာဏာကျဆုံးခြင်း (၂၃၃) နှစ်မြောက် ဝမ်းနည်းဖွယ်အထိမ်းအမှတ် စာပေဟောပြောပွဲ မှာ ဟောပြောသူ ဒေါက်တာအေးမောင် နဲ့ စာရေးဆရာ ဝေဟင်အောင်တို့နှစ်ဦးကို ရသေ့တောင်မြို့နယ် ရဲစခန်းက မတရားအသင်းအက်ဥပဒေပုဒ်မ ၁၇ (၁) အမှုဖွင့်အရေးယူ ထားပါတယ်။

ဒေါက်တာအေးမောင် နဲ့ စာရေးဆရာ ဝေဟင်အောင် (ခ) အောင်ကျော်ဝင်း တိုရဲ့ ဟောပြောချက်များ နဲ့ ပတ်သက်လို့ ဇန်နဝါရီ ၁၆ ရက်တွင် ကျင်းပတဲ့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၄/၂၀၁၈) မှ ၎င်းတို့နှစ်ဦးအား နိုင်ငံတော်သစ္စာဖောက်ဖျက် ပုန်ကန်မှု ရာဇသတ်ကြီးပုဒ်မ ၁၂၁ (ခ) (ဂ) ၊ နိုင်ငံတော် အကြည်ညို ပျက်စေမှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) (ဂ) ၊ မတရားအသင်းအက်ဥပဒေပုဒ်မ (၁၇) (၁) (၂) တို့ဖြင့် အမှုဖွင့်တရားစွဲဆိုသွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ရသေ့ တောင်မြို့နယ် ရဲစခန်းက ဇန်နဝါရီ ၁၆ ရက် ညနေပိုင်းက မတရားအသင်းအက်ဥပဒေပုဒ်မ ၁၇ (၁) ဖြင့် အမှုဖွင့်ခဲ့ပြီးနောက် ည ၈ နာရီမိနစ် ၂၀ ခန့်မှာ ဝေဟင်အောင် (ခ) အောင်ကျော်ဝင်းကို စစ်တွေမြို့နယ် ရဲစခန်းအချုပ်မှာ အမှုနဲ့ ဖမ်းဆီးချုပ်နှောင်ထားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)