ေျမာက္ဦး ဆႏၵျပတဲ့ ေသဆံုးသူေတြထဲကတခ်ိဳ႕ဟာ ရဲတပ္ဖြဲ႕ကဝိုင္း႐ိုက္မႈေၾကာင့္ ျဖစ္

0
2139

ဇန္နဝါရီလ ၁၆ ရက္ေန႔ညက ေျမာက္ဦးမွာ ဆႏၵျပတဲ့လူအုပ္စုကို ရဲတပ္ဖြဲ႔ကပစ္ခတ္မႈ ျပဳလုပ္ခဲ့တာေၾကာင့္ ေသဆံုးသူ ၇ ဦးနဲ႔ ဒဏ္ရာရသူ ၁၂ ဦး႐ွိခဲ့ပါတယ္။

အဲဒီပစ္ခတ္မႈေၾကာင့္ ေသဆံုးသြားၾကတဲ့သူေတြထဲမွာ အမွန္တကယ္ေသနတ္ဒဏ္ရာနဲ႔ ေသဆံုးရတာ မဟုတ္ဘဲ ရဲတပ္ဖြဲ႔ကတုတ္ေတြနဲ႔ ၀ိုင္း႐ိုက္တဲ့အတြက္ ေသဆံုးခဲ့ရသူေတြပါဝင္ေနတယ္လို႔ ေသဆံုးသူေတြ ရဲ႕ မိသားစုဝင္ေတြက ေျပာပါတယ္။

အဲဒီျဖစ္စဥ္မွာ ရဲတပ္ဖြဲ႔အေနနဲ႔ ပစ္ခတ္ခဲ့ရတာဟာ ဆႏၵျပလူစုက ရဲတပ္ဖြဲ႔ဝင္ေတြဆီကေန ေသနတ္လုတဲ့ အတြက္ ပစ္ခတ္ခဲ့ရတာျဖစ္တယ္လို႔ ရခိုင္ျပည္နယ္အစိုးရအဖြဲ႔က ထုတ္ျပန္ေျပာဆိုေနၾကေပမယ့္ ေသဆံုးသြားသူေတြကေတာ့ အခမ္းအနားကိုတက္ေရာက္လာခဲ့ၾကတဲ့ ပြဲၾကည့္ပရိသတ္ လူငယ္ေတြျဖစ္ပါတယ္။

ဒါ့အျပင္ ေသဆံုးသြားသူေတြထဲမွာ ေျမာက္ဦးၿမိဳ႕နယ္ ဇဂၤလကုန္ေက်း႐ြာက အခမ္းအနား တက္ေရာက္လာခဲ့တဲ့ အသက္ ၁၈ ႏွစ္အ႐ြယ္ ၁၀ တန္းေက်ာင္းသားတစ္ဦး ပါဝင္ၿပီး လက္႐ွိမွာ ေပ်ာက္ဆံုး ေနသူ ၂၁ ဦး႐ွိေနေသးပါတယ္။
………………….. ။ ။ ………………………

မြောက်ဦး ဆန္ဒပြတဲ့ သေဆုံးသူတွေထဲကတချို့ဟာ ရဲတပ်ဖွဲ့ကဝိုင်းရိုက်မှုကြောင့် ဖြစ်

ဇန်နဝါရီလ ၁၆ ရက်နေ့ညက မြောက်ဦးမှာ ဆန္ဒပြတဲ့လူအုပ်စုကို ရဲတပ်ဖွဲ့ကပစ်ခတ်မှု ပြုလုပ်ခဲ့တာကြောင့် သေဆုံးသူ ၇ ဦးနဲ့ ဒဏ်ရာရသူ ၁၂ ဦးရှိခဲ့ပါတယ်။

အဲဒီပစ်ခတ်မှုကြောင့် သေဆုံးသွားကြတဲ့သူတွေထဲမှာ အမှန်တကယ်သေနတ်ဒဏ်ရာနဲ့ သေဆုံးရတာ မဟုတ်ဘဲ ရဲတပ်ဖွဲ့ကတုတ်တွေနဲ့ ဝိုင်းရိုက်တဲ့အတွက် သေဆုံးခဲ့ရသူတွေပါဝင်နေတယ်လို့ သေဆုံးသူတွေ ရဲ့ မိသားစုဝင်တွေက ပြောပါတယ်။

အဲဒီဖြစ်စဉ်မှာ ရဲတပ်ဖွဲ့အနေနဲ့ ပစ်ခတ်ခဲ့ရတာဟာ ဆန္ဒပြလူစုက ရဲတပ်ဖွဲ့ဝင်တွေဆီကနေ သေနတ်လုတဲ့ အတွက် ပစ်ခတ်ခဲ့ရတာဖြစ်တယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ထုတ်ပြန်ပြောဆိုနေကြပေမယ့် သေဆုံးသွားသူတွေကတော့ အခမ်းအနားကိုတက်ရောက်လာခဲ့ကြတဲ့ ပွဲကြည့်ပရိသတ် လူငယ်တွေဖြစ်ပါတယ်။

ဒါ့အပြင် သေဆုံးသွားသူတွေထဲမှာ မြောက်ဦးမြို့နယ် ဇင်္ဂလကုန်ကျေးရွာက အခမ်းအနား တက်ရောက်လာခဲ့တဲ့ အသက် ၁၈ နှစ်အရွယ် ၁၀ တန်းကျောင်းသားတစ်ဦး ပါဝင်ပြီး လက်ရှိမှာ ပျောက်ဆုံး နေသူ ၂၁ ဦးရှိနေသေးပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)