ငြိမ်းချမ်းရေးလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်ပေးကြသူ အားလုံးကို အထူးကျေးဇူး တင်ရှိကြောင်း သမ္မတ ပြောကြား

0
304

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ စိတ်ရောကိုယ်ပါ ပါဝင်ဆောင်ရွက်ပေးခဲ့ကြသူ အားလုံးကို အထူးကျေးဇူးတင်ရှိတယ်လို့ နိုင်ငံတော်သမ္မကြီး ဦးထင်ကျော်ကပြောကြားလိုက်ပါတယ်။ ဒီကနေ့ မနက်က နေပြည်တော် ၀ဏ္ဏသိဒ္ဓိ ရပ်ကွက်ရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) ကို ရောက်ရှိပြီး အဆောက်အဦအတွင်း လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့စဉ်မှာ အခုလိုပြောကြားလိုက်တာပါ။

ဆက်လက်ပြီးသမ္မတကြီးက အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက် ထားရှိမှု၊ Peace Process Orientation Course သင်တန်းဖွင့်လှစ်ရေး၊ သင်တန်းနည်းပြနဲ့ သင်တန်းသားတွေ ရွေးချယ်ထားရှိမှု၊ ပို့ချမယ့် ဘာသာရပ်တွေနဲ့ စပ်လျဉ်းပြီးသိလိုတာတွေကို မေးမြန်းခဲ့ပါတယ်။ ဒါ့အပြင်တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ဖို့ ငြိမ်းချမ်းရေးဟာ အဓိကကျတဲ့ အတွက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ အဆင်ပြေ ချောမွေ့စွာနဲ့ အမြန်ဆုံး အောင်မြင်စွာ အကောင် အထည်ဖော်နိုင်ပါစေလို့ သမ္မတကြီးက ဆန္ဒပြုဆုတောင်းစကားပြောကြားခဲ့ပါတယ်။

ဒါ့အပြင်သမ္မတကြီးက သူ့အနေနဲ့ တတ်နိုင်တဲ့ဘက်မှ အစွမ်းကုန်ဆောင်ရွက်သွားမှာဖြစ်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းတွေကို စိတ်ရောကိုယ်ပါ ပါဝင်ဆောင် ရွက်ပေးခဲ့ကြသူ အားလုံးကို အထူးကျေးဇူးတင်ရှိတယ်လို့ ပြောကြားသွားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)