YBS ယာဉ်လိုင်းတွေ ပြေးဆွဲပြီးနောက် ခရီးသည်ကို ထိုးကြိတ်တဲ့ ယာဉ်နောက်လိုက်ကို ပထမဆုံး အရေးယူ

0
358

YBS ယာဉ်လိုင်းစနစ်ပြောင်းလဲပြေးဆွဲပြီးနောက်မှာ ခရီးသည်နှစ်ဦးကို ထိုးကြိတ်တဲ့ ယာဉ်နောက်လိုက်တစ်ဦးကို ပထမဆုံးအနေနဲ့ ရဲတပ်ဖွဲ့က အရေးယူလိုက်ပါတယ်။

ဒီကနေ့ ဇန်နဝါရီ ၁၈ ရက်နေ့ နံနက် ၉ နာရီခွဲမှာ လှိုင်သာယာမြို့နယ် ဒဂုံ-ဧရာ အဝေးပြေးကားဝင်းကနေ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ သိမ်ချောင်းလမ်းဆုံကို ပြေးဆွဲတဲ့ YBS ယာဉ်လိုင်း အမှတ်(၆)က ယာဉ်နောက်လိုက် အောင်နိုင်မိုးကို အရေးယူလိုက်တာပါ။

ယာဉ်နောက်လိုက် အောင်နိုင်မိုးဟာ လှိုင်သာယာကနေ စီးနင်းလိုက်ပါလာတဲ့ လင်မယားနှစ်ဦးက စော်ဘွားကြီးကုန်းအရောက်မှာ ယာဉ်စီးခအဖြစ် ငွေကျပ် ၅၀၀ ပေးချေထားရာမှာ ပြန်အမ်းငွေ ၁၀၀ ကို ပြန်တောင်းရာမှာ စကားများပြီး ဇနီးမောင်နှံ နှစ်ယောက်စလုံးကို လက်သီးနဲ့ထိုးကြိတ်ခဲ့တာ ဖြစ်ပါတယ်။

ထိုးကြိတ်ခံခဲ့ရတဲ့ ဇနီးမောင်နှံနှစ်ဦးစလုံးဟာ ပွန်းပဲ့ဒဏ်ရာတွေ ရရှိခဲ့တာကြောင့် အင်းစိန်ဆေးရုံမှာ ဆေးကုသမှု ခံယူခဲ့ရပြီး ပြစ်မှုကျူးလွန်ခဲ့တဲ့ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်မှာ နေထိုင်တဲ့ ယာဉ်နောက်လိုက် အောင်နိုင်မိုးကို အင်းစိန် မြို့မရဲစခန်း (ပ)၉၇/၂၀၁၇၊ ရန်ကုန် ရဲအက်ဥပဒေ ပုဒ်မ ၄၁/၁၆ နဲ့ အမှုဖွင့် အရေးယူထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)