ရခိုင်ပြည်နယ်က ပဋိပက္ခတွေအရေး ကုလသမဂ္ဂ ကြားဝင်ဖို့ OIC တိုက်တွန်း

0
319

ဘင်္ဂါလီတွေ လူမျိုးသုဉ်းသတ်ဖြတ်ခံရတာမျိုး မဖြစ်ဖို့ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီး ကုလသမဂ္ဂအနေနဲ့ ကြားဝင်ဆောင်ရွက်သင့်တယ်လို့ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC)ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်က တောင်းဆိုလိုက်ပါတယ်။

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး မလေးရှားနိုင်ငံက OIC အဖွဲ့ကို အစည်းအဝေးလုပ်ဖို့ တိုက်တွန်းထားတဲ့ ဇန်နဝါရီ ၁၉ ရက်နေ့မလုပ်ခင် တစ်ရက်အလိုမှာ မြန်မာနိုင်ငံဆိုင်ရာ OIC အထူးသံတမန် ဆေယက်ဟာမစ်အယ်ဘာက အခုလို ပြောကြားခဲ့တာပါ။

OIC အဖွဲ့ဟာ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ မွတ်ဆလင်နိုင်ငံ ၅၇ နဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့တစ်ခုဖြစ်ပါတယ်။ ရခိုင်ပြည်နယ်အရေးမှာ ကုလသမဂ္ဂအနေနဲ့ ကြားဝင်ဆောင်ရွက်ပေးဖို့ကို OIC လိုပဲ Islamic Renaissance Front (အစ္စလာမ်မစ် ရီနေဆန်းတပ်ပေါင်းစု)စတဲ့ အဖွဲ့တွေကလည်း တိုက်တွန်းခဲ့တာပါ။

မြန်မာနိုင်ငံဟာ မွတ်ဆလင်နိုင်ငံမဟုတ်တဲ့အတွက် မနက်ဖြန်မှာလုပ်မယ့် OIC အစည်းအဝေးကိုတော့ မြန်မာနိုင်ငံက တက်မှာမဟုတ်ဘူးလို့ အစိုးရ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုပါတယ်။ ဒါ့အပြင် ကုလသမဂ္ဂ ကြားဝင်လာမယ်ဆိုရင် “ပြည်တွင်းကလူတွေရဲ့ မလိုလားအပ်တဲ့ ထကြွတုံ့ပြန်မှုတွေ”ပဲ ဖြစ်လာဖို့ရှိတယ်လို့လည်း မြန်မာအစိုးရက ပြောကြားထားပြီး ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ပြဿနာတွေနဲ့ပတ်သက်ပြီး နိုင်ငံတကာက ဝေဖန်စွပ်စွဲမှုတွေ ရှိနေခဲ့ပါတယ်။ အရှေ့တောင်အာရှမှာ တတိယစီးပွားရေးအင်အားအကြီးဆုံးနိုင်ငံနဲ့ အာဆီယံ အိမ်နီးချင်းလည်း ဖြစ်တဲ့ မလေးရှားနိုင်ငံကလည်း တစ်နိုင်ငံမူဝါဒကို တစ်နိုင်က ဝင်မစွက်ဖက်ရဘူးဆိုတဲ့ အစဉ်အလာမူကို ချိုးဖောက်ပြီး ဘင်္ဂါလီတွေအရေး စုံစမ်းစစ်ဆေးပေးဖို့နဲ့ လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေး ဝင်ရောက်စွက်ဖက် ပြောကြားမှုတွေ ရှိခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)