YBS ယာဉ်လိုင်းတွေမှာသုံးမယ့် ငွေပေးချေကတ်စနစ်ကို ဘက်စုံသုံးနိုင်အောင် ဆောင်ရွက်သွားမယ်

0
333

YBS ယာဉ်လိုင်းတွေမှာအသုံးပြုမယ့် ငွေပေးချေတဲ့ ကတ်စနစ်ကို ဘတ်စုံသုံးနိုင်အောင် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားလိုက်ပါတယ်။

YBS ယာဉ်လိုင်း ပြေးဆွဲတဲ့ ဒုတိယမြောက်နေ့ ဇန်န၀ါရီလ ၁၇ ရက်နေ့မှာ သခင်မြပန်းခြံကနေ ဆူးလေဘုရားအနီးနဲ့  မြို့ တွင်းကို ပြေးဆွဲနေတဲ့ YBS ယာဉ်လိုင်းပတ်စီးခဲ့ချိန်မှာ ဦးဖြိုးမင်းသိန်းက မီဒီယာတွေကို အဲဒီလို ပြောကြားခဲ့တာပါ။

ရန်ကုန်တိုင်းဒေသကြီးမှာရှိတဲ့ ခရီးသည်ပို့ဆောင်ရေး ဘက်စ်ကား၊ မြို့ပါတ်ရထား၊ရေကြောင်းတက္ကစီလက်မှတ် ဝယ်ယူတာတွေအပြင် အသေးစားဝယ်ယူမူတွေပါ လုပ်ဆောင်နိုင်မယ့် ကတ်စနစ်ကို လာမယ့် သုံးလအတွင်း အကောင်အထည်ဖော်သွားတော့မှာ ဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။

မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီ(မထသ)ကို ဇန်န၀ါရီလ ၁၅ ရက်နေ့မှာ ဖျက်သိမ်းခဲ့တာဖြစ်ပြီး ဇန်န၀ါရီ ၁၆ရက်နေ့ကစလို့ YBS ယာဉ်လိုင်း ၅၇ လိုင်း စတင်ပြေးဆွဲခဲ့ပါတယ်။ ဒါပေမဲ့ ခုချိန်မှာတော့ ခရီးသွားတွေရဲ့လိုအပ်ချက်ကြောင့် ယာဉ်လိုင်း ၇၀ ထိတိုးချဲ့ပြေးဆွဲနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)