ရခိုင်ပြည်နယ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲတွေကို လေ့ကျင့်ပေးဖို့ အင်ဒိုနီးရှား ကမ်းလှမ်း

0
267

ရခိုင်ပြည်နယ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို လေ့ကျင့်သင်ကြားပေးဖို့ အစီအစဉ်တစ်ရပ်ကို အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၈ ရက်နေ့မှာ ကမ်းလှမ်းလိုက်ပါတယ်။

ဇန်နဝါရီလ ၁၉ ရက်နေ့မှာလုပ်မယ့် အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC)နဲ့ အစည်းအဝေး ပတ်သက်တဲ့ ကြိုတင်သတင်းစာ ရှင်းလင်းပွဲမှာ အဲဒီလို ပြောကြားခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ အာမန်သာနာဆီယာက OIC အစည်းအဝေးမှာ ကနဦးအနေနဲ့ မြန်မာအစိုးရရဲ့ ရခိုင်ပြည်နယ်အတွင်း ငြိမ်းချမ်းတဲ့အဖြေတစ်ခု ထွက်ပေါ်လာဖို့ လုပ်ဆောင်မှုတွေကို အပြုသဘောဆောင်တဲ့ အကူအညီတွေပေးဖို့ တိုက်တွန်းသွားမယ်လို့လည်း ပြောပါတယ်။
အင်ဒိုနီးရှားအနေနဲ့ ရခိုင်ပြည်နယ်အတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီသာမက၊ ပညာရေး၊ ကျန်းမာရေးနဲ့ တခြား ဦးစားပေးကိစ္စရပ်တွေကိုလည်း ကူညီထောက်ပံ့သွားဖို့ ရည်ရွယ်ထားတယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေကို ကိုယ်ရည်ကိုယ်သွေး လေ့ကျင့်ပေးတဲ့အကူအညီတွေ ပေးတဲ့အပြင် နိုင်ငံသားတွေကို လူ့အခွင့်အရေးနဲ့အညီ ထိန်းသိမ်းညှိနှိုင်းဆောင်ရွက်ပုံတွေလည်း ပညာပေး သင်ကြားသွားမှာဖို့ရှိတာလို့ နာဆီယာက ပြောကြားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)