အမြန်လမ်းမှာ CRV မော်တော်ယာဉ် တစ်စီး တိမ်းမှောက်

0
324

အမြန်လမ်းမှာယာဉ် CRV မော်တော်ယာဉ် တစ်စီးမှောက်သွားခဲ့ပါတယ်။ အဲဒီယာဉ်ဟာ ရန်ကုန်- မန္တလေး အမြန်လမ်းမကြီးရဲ့ကျောက်တံခါးမြို့နယ် မိုင်တိုင်အမှတ် ၁၀၀/၀ နှင့် ၁၀၀/၁ အကြား ရန်ကုန်ဘက်မှ နေပြည်တော်ဘက်ကို ယာဉ်မောင်းနှင်လာစဉ်မှာ ယာဉ်မောင်းကအိပ်ငိုက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းပေါ်ရောက်ရှိပြီး တိမ်းမှောက်ခဲ့တာပါ။

အဲဒီဖြစ်စဉ်ကြောင့် ယာဉ်မောင်းမှာ ဒဏ်ရာရရှိမှု မရှိပေမယ့် ယာဉ်မှာ ခန့်မှန်း တန်ဖိုးငွေကျပ် ၁၅ သိန်းဖိုးခန့်ပျက်စီးသွားခဲ့ပါတယ်။ အခုဖြစ်စဉ်ကြောင့် ယာဉ်မောင်းကို မြို့ချောင်း အမြန်လမ်း ရဲတပ်ဖွဲ့စခန်းမှ ရာဇသတ်ကြီး ပုဒ်မ ၂၇၉ အရ အမှုဖွင့်အရေးယူ ထားလိုက်ပြီဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)