သမ္မတဟောင်း ဦးသိန်းစိန် အာရှကော်စမို ပိုလစ်တန်ဆု လက်ခံရယူ

0
344

နိုင်ငံတော်သမ္မတအဖြစ် တာဝန်ယူထမ်းဆောင်ခဲ့တဲ့ ဦးသိန်းစိန် ERIA က ပေးအပ်တဲ့ အာရှကော်စမို ပိုလစ်တန်ဆုကို လက်ခံရယူပြီး မြန်မာနိုင်ငံကို ဇန်နဝါရီလ ၁၇ ရက်နေ့က ပြန်လည်ရောက်ရှိ လာခဲ့ပါတယ်။

အဲဒီဆုဟာ မြန်မာနိုင်ငံဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလအတွင်း ထူးချွန်စွာဦးဆောင်နိုင်ခဲ့တာတွေကြောင့် အာဆီယံ နဲ့ အာရှရေးရာ စီးပွားရေးသုတေသန အင်စတီကျု(ERIA)ရဲ့ အာရှကော်စမိုပိုလစ်တန်ဆုကို ရရှိခဲ့တာပါ။ အဲဒီအခမ်းအနားကို ဇန်န၀ါရီ ၁၅ ရက်နေက ဂျပန်နိုင်ငံ၊ နာရာမြို့ မှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။

အခုဆုပေးပွဲဟာ တတိယအကြိမ် မြောက်ကျင်းပပြုလုပ်တာဖြစ်ပြီး ဦးသိန်းစိန်နဲ့အတူ ကိုနန်တက္ကသိုလ်မှ ပါမောက္ခ ဂျပန်နိုင်ငံသား Professor Masahisa Fujita က စီးပွားရေးနှင့် လူမှုသိပ္ပံဆု၊ ဥရောပကောင်စီဥက္ကဋ္ဌ ဘယ်လ်ဂျီယံနိုင်ငံသား Mr. Herman Van Rompuy က ယဉ်ကျေးမှုဆိုင်ရာဆုတွေကို အသီးသီးရရှိခဲ့ကြတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)