ကျောက်စိမ်းနဲ့ သဘာဝဓာတ်ငွေ့အပါအ၀င် သဘာဝသယံဇာတဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်

0
309

တိုင်းရင်းသားနိုင်ငံရေးပါတီတွေ ရွေးကောက်ပွဲအနိုင်ရ နိုင်ငံရေးပါတီတွေပါဝင်တဲ့ ကျောက်စိမ်းနဲ့ သဘာဝဓာတ်ငွေ့အပါအဝင် သဘာဝသယံဇာတဆိုင်ရာ မူဝါဒအကြံပေးချက်၊ ပိုင်ဆိုင်မှု၊ စီမံခန့်ခွဲမှုနဲ့ အကျိုးသက်ရောက်မှုစတဲ့ အချက်အလက်တွေနဲ့ပတ်သက်ပြီး အလုပ်ရုံဆွေးနွေးပွဲတစ်ခုကိုပြုလုပ်ခဲ့ပါ။

အဲဒီဆွေးနွေးပွဲကို ဇန်နဝါရီ ၁၆ ရက်နဲ့ ၁၇ ရက်တို့က ရန်ကုန်မြို့ဖိုးစိန်လမ်းရှိ Green Hill ဟိုတယ်မှာကျင်းပပြုလုပ်ကြတာပါ။ တိုင်းရင်းသားလူမျိုးရေးရာစင်တာ (Ethnic National Affairs Center- ENAC) သုတေသနဌာနအဖွဲ့မှ သဘာဝသယံဇာတနဲ့ ဆက်စပ်နေတဲ့ ကျောက်စိမ်းနဲ့ သဘာဝဓာတ်ငွေ့ကို ကချင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်ကို သွားရောက်ကွင်းဆင်းလေ့လာ တွေ့ရှိချက်အပေါ် အခြေခံပြီး အနာဂတ်ဖက်ဒရယ်တည်ဆောက် ရာမှာ အခြေခံသင့်တဲ့ သဘာဝသယံဇာတဆိုင်ရာ မူဝါဒ အကြံပြုချက်စာတမ်း(မူကြမ်း) ပြုစုလျက်ရှိနေတာတာပါ။

အခုပြုလုပ်တဲ့ အလုပ်ရုံဆွေးနွေးပွဲဟာ အဲဒီ စာတမ်းအပေါ်အကြံပြုချက်တွေ ဆက်လက်ရယူဖို့ အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ တိုင်းရင်းသားနိုင်ငံရေးပါတီတွေနဲ့ အလုပ်ရုံဆွေးနွေးပွဲတွေ ပြုလုပ်နေကြတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)