မြို့နယ်လေးမြို့နယ်က လမ်းဘေးဈေးသည်တွေ မူလနေရာမှာ ပြန်ရောင်းခွင့်ရဖို့ ထပ်မံဆန္ဒပြ

0
283

ရန်ကုန်မြို့အတွင်း လမ်းမတော်၊ လသာ၊ ပန်းဘဲတန်းနဲ့ ကျောက်တံတားမြို့နယ်အတွင်းက လမ်းဘေးဈေးသည်တွေဟာ မူလနေရာမှာ ပြန်လည်ရောင်းချခွင့်ရရှိဖို့ ဒီကနေ့ ဇန်နဝါရီ ၁၈ ရက်နေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။

လမ်းဘေးဈေးသည်တွေဟာ ဒီကနေ့ နေ့လယ် ၁၁ နာရီခွမြှာ လမ်းမတော်မြို့နယ်၊ မော်တင်တံတားကနေ လူအင်အား ၂၀ နဲ့ စတင်ပြီး မြို့တက်ခန်းမအထိ ချီတက် ဆန္ဒပြခဲ့ကြတာပါ။

အဲဒီလို လမ်းလျှောက်ချီတက်ဆန္ဒပြရာမှာ လမ်းဘေးဈေးသည်တွေ မူလနေရာမှာ စည်းကမ်းတကျ ပြန်လည်ရောင်းချခွင့်ပြုပေးဖို့၊ လမ်းဘေးဈေးသည်တွေ ကြမ်းတမ်းစွာ ပြောဆိုဖမ်းဆီးခြင်းမပြုလုပ်ဖို့၊ တာဝန်ရှိ လူကြီးမင်းတွေနဲ့ NLD လွှတ်တော် ကိုယ်စားလှယ်တွေက ဈေးသည်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံပြီး ညှိနှိုင်းပေးဖို့၊ လမ်းဘေးဈေးသည်တွေကို မှီခိုနေရတဲ့ သက်ကြီးရွယ်အို၊ ကျောင်းသား၊ ကျောင်းသူတွေရဲ့ စားဝတ်နေရေးကို ငဲ့ညှာစဉ်းစားပေးဖို့ စတဲ့အချက်တွေ တောင်းဆိုဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

ရန်ကုန်မြို့ပေါ်က ပလက်ဖောင်းဈေးသည်တွေကို ကမ်းနားလမ်း ညဈေးတန်းကို ပြောင်းရွှေ့ပေးပြီးနောက်မှာ မြို့နယ် လေးခုက လမ်းဘေးဈေးသည်တွေဟာ ၂၀၁၆ ဒီဇင်ဘာလလတုန်းကလည်း နဂိုနေရာတွေမှာ ပြန်လည်ရောင်းချခွင့်ရဖို့ ဆန္ဒပြခဲ့ဖူးပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)