၁၇ ကြိမ်မြောက် မြန်မာ့တိုင်းရင်း ဆေးသမားတော်များ ညီလာခံကို နိုင်ငံတော်သမ္မတ ဂုဏ်ပြုသ၀ဏ်လွှာ ပေးပို့

0
341

မြန်မာ့တိုင်းရင်းဆေးပညာကို ရိုးရာယဉ်ကျေးမှု အမွေအနှစ်တစ်ရပ်အဖြစ်နဲ့ တိုင်းရင်းသားပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်တဲ့ ဆေးပညာရပ်တစ်ခုအဖြစ်နဲ့ မှတ်ယူကာအဓွန့်ရှည်တည်တံ့ခိုင်မြဲပြီး နည်းလမ်းတကျဆက်လက်တိုးတက်ထွန်းကားစေဖို့ အလေးထားအားပေး စောင့်ရှောက်နေတာဖြစ်တယ်လို့ နိုင်ငံတော်သမ္မတကြီးဦးထင်ကျော်က ဒီကနေ့မှာကျရောက်တဲ့(၁၇)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံကို ပေးပို့တဲ့ဂုဏ်ပြုသဝဏ်လွှာမှာ ပြောကြားထားပါတယ်။

ဒါ့အပြင် နိုင်ငံတော်အစိုးရအနေနဲ့လည်း တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနဲ့ ပညာရည်မြင့်မားရေးကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိနေပြီး အဲဒီလိုဆောင်ရွက်ရာမှာလည်း တိုင်းရင်းဆေးပညာ အဆင့်အတန်းမြှင့်တင်ရေးနဲ့ မြန်မာ့တိုင်းရင်း ဆေးပညာနဲ့ ပြည်သူ တို့ကို ကျန်းမာရေးစောင့်ရှောက်မှု တိုးမြှင့်လွှမ်းခြုံပေး နိုင်ရေးတို့ကို အမျိုးသားကျန်းမာရေးဆိုင်ရာ မူဝါဒတစ်ရပ်အဖြစ် ထည့်သွင်း သတ်မှတ်ဆောင်ရွက်လျက်ရှိနေပါတယ်လို့ ဂုဏ်ပြုသဝဏ်လွှာမှာ ရေးသားဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)