နိုင်ငံတော်ရဲ့ စီးပွားရေးဖွံ့ဖြိုးမှုမှာ အထူးစီးပွားရေးဇုန်တွေရဲ့ အခန်းကဏ္ဍက အရေးကြီး

0
281

နိုင်ငံတော်ရဲ့ စီးပွားရေးဖွံ့ဖြိုးမှုမှာ အထူးစီးပွားရေးဇုန်တွေရဲ့ အခန်းကဏ္ဍဟာ အလွန်အရေးပါတယ်လို့ မြန်မာ့အထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် ပြောကြားလိုက်ပါတယ်။

ဇန်နဝါရီလ ၁၇ ရက်နေ့ နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာ အစည်းအဝေးခန်းမှာပြုလုပ်တဲ့ မြန်မာ့အထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟို လုပ်ငန်းအဖွဲ့ရဲ့ရ၁/၂ဝ၁၇ ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ အခုလိုပြောကြားလိုက်တာပါ။

ဒါ့အပြင် လက်ရှိဆောင်ရွက်ဆဲ အထူးစီးပွားရေးဇုန်တွေကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ပြီး အထူးစီးပွားရေးဇုန်တွေ အောင်မြင်အောင် ဆောင်ရွက်ရာမှာ တိုင်းဒေသကြီးတွေနဲ့ ပြည်နယ်တွေအကြား ဘက်ညီမျှတပြီး ဖွံ့ဖြိုးတိုးတက်လာစေတဲ့ စီးပွားရေး အခြေအနေကောင်းတွေ ရရှိစေရေး၊ နိုင်ငံတော်အတွက် အဘက်ဘက်မှ စွမ်းရည်ပြည့်ဝတဲ့ လူငယ်မျိုးဆက်သစ်တွေ ပေါ်ထွန်းလာနိုင်ရေးတို့အတွက် နိုင်ငံတကာနဲ့ ပူးပေါင်းပါဝင်ဆောင်ရွက် နိုင်ရေး၊ နိုင်ငံတော်ရဲ့ စီးပွားရေးမူဝါဒတွေ ကို အကောင်အထည်ဖော်ပြီး ပြည်သူတွေ သိရှိအောင် ပွင့်လင်းမြင်သာမှုရှိစေရေး တွေကို အလေးထားဆောင်ရွက်ရမှာ ဖြစ်တယ် လို့ဝန်ကြီးပြောကြားလိုက်ပါတယ်.။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)