တောင်ငူမှာ လူငယ်သုံးဦးကို စိတ်ကြွဆေးပြား ၁၈၅ ပြားနဲ့အတူ ဖမ်းဆီးရမိ

0
324

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့မှာ ဇန်နဝါရီလ ၁၇ ရက်နေ့က လူငယ်သုံးဦးဆီမှာ စိတ်ကြွရူးသွပ်ဆေးပြား ၁၈၅ ပြားနဲ့ ဆေးပြားသုံးစွဲရာမှာ အသုံးပြုတဲ့ ပစ္စည်းတွေ ဖမ်းဆီးရမိခဲ့ပါတယ်။

ဇန်နဝါရီ ၁၇ ရက်နေ့ မွန်းလွဲ ၃ နာရီက အမှတ်(၂)ရပ်ကွက်မှာ တောင်သူခရိုင်ရဲတပ်ဖွဲ့ ရဲအုပ်စိုင်းကျော်မျိုးထွန်းနဲ့အဖွဲ့က မိုးသောက်ကြွယ် ဘုရားလမ်းထဲရှိ၊ အိမ်အမှတ်(၂/၂၆၄)၊ အခန်း(၁၅)မှာ ငှားရမ်းနေထိုင်တဲ့ ရှင်းသန့်(ခ) ဟန်ဇာနည်ဦး (၂၅ နှစ်)ရဲ့ နေအိမ်ကို ဝင်ရောက်ရှာဖွေရာမှာ သူ့ရဲ့ ခေါင်းအုံးအောက်မှာ ပန်းရောင် စိတ်ကြွမူးယစ်ဆေးပြား(၆၂)ပြား၊ အစိမ်းရောင် စိတ်ကြွမူးယစ်ဆေးပြား(၁)ပြားနဲ့ ဆေးပြားသုံးစွဲရာမှာ အသုံးပြုတဲ့ ပစ္စည်းတွေကို တွေ့ရှိခဲ့ပါတယ်။

အဲဒီနောက် ညနေ ၄ နာရီ ၂၅ မိနစ်မှာ တောင်ငူမြို့၊ ၁၃ ရပ်ကွက်၊ ဆရာဖြေလမ်းမှာရှိတဲ့ ချမ်းမြေစားသောက်ဆိုင် အခန်းအမှတ် ၄ အတွင်း ဝင်ရောက်ရှာဖွေရာမှာ အခန်းအတွင်း စောပြည့်ဖြိုးကျော် (၂၃ နှစ်)နဲ့ ကျော်ဇင်ဖြိုး (၁၉ နှစ်)တို့ နှစ်ဦးနဲ့အတူ အပြာရောင်ပလပ်စတစ်ကပ်ခွာအိတ်ထဲထည့်ထားတဲ့ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၂၀ ပြား၊ အစိမ်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၂ ပြား၊ အလေးချိန် ၁.၂၂ ဂရမ်၊ စုစုပေါင်း ကာလတန်ဖိုး ၆၁၀၀၀၀ ဖိုးအပြင် ဆက်စပ်ပစ္စည်းတွေကိုပါ သိမ်းဆည်းနိုင်ခဲ့ပါတယ်။

ဖမ်းဆီးတွေ့ရှိသူ သုံးဦးစလုံးဟာ ကုလား(ခ)အလီဆိုသူဆီကနေ စိတ်ကြွးမူးယစ်ဆေးပြားတွေ ဝယ်ယူခဲ့ကြတာပါ။
ရှင်းသန့်က အလီဆီကနေ လွန်ခဲ့တဲ့နှစ်ရက်က ဆေးပြား ၂၀၀ ကို နှစ်သိန်းနဲ့ ဝယ်ယူပြီး အပြင်မှာ တစ်ပြား ၂၀၀၀ ကျပ်နဲ့ ပြန်လည်ရောင်းချနေသူဖြစ်သလို စောပြည့်ဖြိုးကျော်နဲ့ ကျော်ဇင်ဖြိုးတို့ကလည်း အလီဆီကနေ တစ်ပြား ၂၀၀၀ နဲ့ ဝယ်ယူခဲ့ကြတာလို့ ထွက်ဆိုထားပါတယ်။

လက်ရှိဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး ရှင်းသန့်(ခ) ဟန်ဇာနည်ဦး၊ စော်ပြည့်ဖြိုးကျော်၊ ကျော်ဇင်ဖြိုးနဲ့ လွတ်မြောက်နေသူ ကုလား(ခ)အလီတို့ကို မှူး/စိတ်ပုဒ်မ-၁၅/၁၉(က)/၂၀(က)/၂၁ နဲ့ အမှုဖွင့်အရေးယူထားပြီး ကွင်းဆက်တရားခံတွေဖြစ်တဲ့ ကုလား(ခ)အလီကို ဖမ်းဆီးနိုင်ဖို့ စုံစမ်းစစ်ဆေးလျက် ရှိပါတယ်။
ဖြိုးကိုလင်း (ညောင်ဝိုင်း)

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)