လက္ပံေတာင္းေတာင္ ေၾကးနီစီမံကိန္း ေျဖရွင္းေပးဖို႔ ေတာင္သူေတြ ဆႏၵထုတ္ေဖာ္

0
511

လက္ပံေတာင္းေတာင္ ေၾကးနီစီမံကိန္း ေၾကာင့္ ျဖစ္ေပၚလာတဲ့ ဆိုးက်ိဳးေတြကို ေျဖရွင္းေပးဖို႔ ေဒသခံ ေတာင္သူေတြ ဆႏၵထုတ္ေဖာ္ခဲ့ပါတယ္။ ဒီသတင္းကိုေတာ့ MCN သတင္းေထာက္ ထြန္းလင္းဦးက ေပးပို႔ထားပါတယ္။

လက္ပံေတာင္းေတာင္ ေၾကးနီစီမံကိန္းက ထြက္လာတဲ့ အက္စစ္မႈန္ေတြေၾကာင့္ သီးႏွံပ်က္စီးမႈေတြကို ေလ်ာ္ေၾကးေပးဖို႔ နဲ႔ သဘာ၀ပတ္၀န္းက်င္ ထိခိုက္မႈေတြကို စံုစမ္းစစ္ေဆးေရး အစီရင္ခံစာအရ ကိုင္တြယ္ေျဖရွင္းေပးဖို႔ ေဒသခံေတာင္သူေတြက ေတာင္းဆို ဆႏၵထုတ္ေဖာ္ခဲ့ပါတယ္။

အဲ့ဒီဆႏၵထုတ္ေဖာ္ပြဲမွာ တံုေက်းရြာ ၊ ဆည္တည္းေက်းရြာ၊ ေက်ာက္ျဖဴတိုင္ေက်းရြာ ၊မိုးၾကိဳးျပင္ေက်းရြာက ေတာင္သူအင္အား ၁၅၀ ေက်ာ္ပါ၀င္ခဲ့ၿပီး မံုရြာျမိဳ႕မွာ ဒီဇင္ဘာလ ၁၅ ရက္ေန႕ က ျပဳလုပ္ခဲ့တာပါ။

အင္တာဗ်ဴး letpadown (22) – ေဒၚစန္းလွ ( တံုေက်းရြာ ၊ ဆားလင္းၾကီးျမိဳ႕နယ္ )

စီမံကိန္း နဲ႔ ပက္သက္ၿပီး စစ္ကိုင္းတိုင္းေဒသၾကီး သဘာ၀ပတ္၀န္းက်င္ထိမ္းသိမ္းေရးဦးစီးဌာနက ကြင္းဆင္းစစ္ေဆးတာေတြျပဳလုပ္ခဲ႕ျပီး စီမံကိန္းက ထြက္လာတဲ႕ အက္စစ္မႈန္ေတြေၾကာင့္ သီးႏွံမ်ားပ်က္စီးရေၾကာင္း အတည္ျပဳသြားခဲ့တာေၾကာင့္ ၀မ္ေပါင္ကုမၸဏီဘက္က ေလ်ာ္ေၾကးေပးဖို႔ ကတိေပးခဲ့ေပမယ့္ လက္ရွိအခ်ိန္အထိ ေလ်ာ္ေၾကး မရရွိေသးဘူးလို႔ ေဒသခံေတြကေျပာပါတယ္။

အင္တာဗ်ဴး etpadown (24) – ေဒၚတင္ျမင့္ ( ေက်ာက္ျဖဴတိုင္ေက်းရြာ ၊ ဆားလင္းၾကီးျမိဳ႕နယ္ )

ေၾကးနီစီမံကိန္းနဲ႕ ပတ္သတ္ျပီး စံုစမ္းစစ္ေဆးေရး အစီရင္ခံစာကို ၀မ္ေပါင္နဲ႕ ဦးပိုင္ကုမၸဏီက လိုက္နာဖို႕ ၊ သီးႏွံေလ်ာ္ေၾကး အျမန္ဆံုးေပးဖို႕ကို စစ္ကိုင္းတိုင္းေဒသႀကီး ၀န္ၾကီးခ်ဳပ္အေနနဲ႕ အျမန္ဆံုး ေျဖရွင္းေဆာင္ရြက္ေပးဖို႕ ဆႏၵထုတ္ေဖာ္ပြဲမွာ ေဒသခံ ေတာင္သူေတြက ေတာင္းဆိုခဲ့ၾကပါတယ္။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ကြောင့် ဖြစ်ပေါ်လာတဲ့ ဆိုးကျိုးတွေကို ဖြေရှင်းပေးဖို့ ဒေသခံ တောင်သူတွေ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ ဒီသတင်းကိုတော့ MCN သတင်းထောက် ထွန်းလင်းဦးက ပေးပို့ထားပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းက ထွက်လာတဲ့ အက်စစ်မှုန်တွေကြောင့် သီးနှံပျက်စီးမှုတွေကို လျော်ကြေးပေးဖို့ နဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတွေကို စုံစမ်းစစ်ဆေးရေး အစီရင်ခံစာအရ ကိုင်တွယ်ဖြေရှင်းပေးဖို့ ဒေသခံတောင်သူတွေက တောင်းဆို ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

အဲ့ဒီဆန္ဒထုတ်ဖော်ပွဲမှာ တုံကျေးရွာ ၊ ဆည်တည်းကျေးရွာ၊ ကျောက်ဖြူတိုင်ကျေးရွာ ၊မိုးကြိုးပြင်ကျေးရွာက တောင်သူအင်အား ၁၅၀ ကျော်ပါဝင်ခဲ့ပြီး မုံရွာမြို့မှာ ဒီဇင်ဘာလ ၁၅ ရက်နေ့ က ပြုလုပ်ခဲ့တာပါ။

အင်တာဗျူး letpadown (22) – ဒေါ်စန်းလှ ( တုံကျေးရွာ ၊ ဆားလင်းကြီးမြို့နယ် )

စီမံကိန်း နဲ့ ပက်သက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးဦးစီးဌာနက ကွင်းဆင်းစစ်ဆေးတာတွေပြုလုပ်ခဲ့ပြီး စီမံကိန်းက ထွက်လာတဲ့ အက်စစ်မှုန်တွေကြောင့် သီးနှံများပျက်စီးရကြောင်း အတည်ပြုသွားခဲ့တာကြောင့် ဝမ်ပေါင်ကုမ္ပဏီဘက်က လျော်ကြေးပေးဖို့ ကတိပေးခဲ့ပေမယ့် လက်ရှိအချိန်အထိ လျော်ကြေး မရရှိသေးဘူးလို့ ဒေသခံတွေကပြောပါတယ်။

အင်တာဗျူး etpadown (24) – ဒေါ်တင်မြင့် ( ကျောက်ဖြူတိုင်ကျေးရွာ ၊ ဆားလင်းကြီးမြို့နယ် )

ကြေးနီစီမံကိန်းနဲ့ ပတ်သတ်ပြီး စုံစမ်းစစ်ဆေးရေး အစီရင်ခံစာကို ဝမ်ပေါင်နဲ့ ဦးပိုင်ကုမ္ပဏီက လိုက်နာဖို့ ၊ သီးနှံလျော်ကြေး အမြန်ဆုံးပေးဖို့ကို စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်အနေနဲ့ အမြန်ဆုံး ဖြေရှင်းဆောင်ရွက်ပေးဖို့ ဆန္ဒထုတ်ဖော်ပွဲမှာ ဒေသခံ တောင်သူတွေက တောင်းဆိုခဲ့ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)