Yangon Book Plaza မှာ အမှတ်တရ ဖော်ပြမယ့် စာရေးဆရာ ၁၂ ဦးကို ရွေးချယ်ထား

0
337

မကြာခင်မှာ ဖွင့်လှစ်မယ့် Yangon Book Plaza မှာ စာရေးဆရာ၊ ကဗျာဆရာကြီး ၁၂ ဦးရဲ့ ကိုယ်ရေးအကျဉ်း၊ ပုံတူကားချပ်နဲ့ လက်ရေးစာမူတွေကို အမှတ်တရဖော်ပြသွားဖို့ ပလာဇာရဲ့ Exclusive Committee က ရွေးချယ်ထားပါတယ်။

ybp
(ဓာတ်ပုံ – Yangon Book Plaza)

Yangon Book Plaza ကို လာမယ့် ၂၀၁၇ ခုနှစ် နှစ်ဆန်းပိုင်းမှာ စတင်ဖွင့်လှစ်ဖို့ စီစဉ်ထားတာပါ။

Yangon Book Plaza ဟာ အရှေ့တောင်အာရှရဲ့ ပထမဆုံး စာအုပ်ပလာဇာတစ်ခုဖြစ်လာမှာဖြစ်ပြီး အခုလို အမှတ်တရ ဖော်ပြမယ့် စာရေးဆရာ ၁၂ ဦးကို တစ်နှစ်တစ်ခါ ရွေးချယ်သွားမှာလည်း ဖြစ်ပါတယ်။

ybp3
(ဓာတ်ပုံ – Yangon Book Plaza)

၂၀၁၇ ခုနှစ်အတွက် အမှတ်တရ စာပေအနုပညာရှင်တွေအဖြစ် လူထုဒေါ်အမာ၊ ဂျာနယ်ကျော် မမလေး၊ ဇော်ဂျီ၊ မင်းသုဝဏ်၊ တင်မိုး၊ မောင်ချောနွယ်၊ တက္ကသိုလ်ဘုန်းနိုင်၊ ဦးဝင်းတင်၊ ခင်နှင်းယု၊ မောင်သော်က၊ ဇော်ဇော်အောင်နဲ့ မင်းလူတို့ကို ရွေးချယ်ထားပါတယ်။
ကော်မတီက ရွေးချယ်ထားတဲ့ အမှတ်တရာ စာရေးဆရာကြီး ၁၂ ရဲ့ မွေးနေ့တွေမှာလည်း အထိမ်းအမှတ် ပွဲတွေ အစီအစဉ်တွေ ကျင်းပသွားမှာဖြစ်တယ်လို့ Yangon Book Plaza က ထုတ်ပြန်ထားပါတယ်။

Yangon Book Plaza ရဲ့ Exclusive Committee ကို အောက်တိုဘာလ ၂၂ ရက်နေ့မှာ ဆရာမကြီး ခင်ဆွေဦး၊ ဆရာ မောင်မိုးသူ၊ ဆရာဝင်းငြိမ်းနဲ့ ဆရာမ စမ်းစမ်းနွဲ့ (သာယာဝတီ) တို့နဲ့ ကနဦး ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)