အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံက အပြန် ဘင်္ဂလားဒေ့ရှ်ကို ဝင်ဖို့ရှိ

0
345

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နိုအယ်လ်ပီမာဆူဒီဟာ မြန်မာနိုင်ငံမှာလုပ်မယ့် ရခိုင်ပြည်နယ်အရေး အစည်းအဝေးကို တက်ရောက်ပြီးနောက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဝင်ရောက်ဖို့ စီစဉ်ထားပါတယ်။

indonesia

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဖိတ်ကြားထားတဲ့ ရခိုင်ပြည်နယ်အရေး အထူးအစည်းအဝေးမှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ တက်ရောက်ကြမှာ ဖြစ်ပါတယ်။

အဲဒီအစည်းအဝေးကို ဒီဇင်ဘာ ၁၉ ရက်နေ့မှာ ပြုလုပ်မှာဖြစ်ပြီး ရက်နိုမာဆူဒီက မြန်မာနိုင်ငံကနေ အပြန်ကျရင် ဘင်္ဂလားဒေ့ရှ်ကို ဝင်ရောက်မှာဖြစ်တယ်လို့ ဂျကာတာပို့စ်သတင်းဌာနက ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ ရက်နိုမာဆူဒီဟာ ဒီဇင်ဘာ ၁၉ ရက်နေ့ အစည်းအဝေးပြီးရင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့မှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး မာမွတ်ဒ်အလီနဲ့ ရခိုင်ပြည်နယ်အခြေအနေတွေနဲ့ပတ်သက်ပြီး ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဟာ ဒီဇင်ဘာ ၆ ရက်နေ့ကလည်း နေပြည်တော်ကို လာရောက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ပါသေးတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)