ပုဒ်မ ၆၆(ဃ)ကို ပြင်ဆင်ဖို့ ပြည်ထောင်စုလွှတ်တော်ကို တင်ပြထားတယ်လို့ သူရဦးရွှေမန်း ပြော

0
329

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ကို ပြင်ဆင်ပေးနိုင်ဖို့ ပြည်ထောင်စုလွှတ်တော်ကို တင်ပြထားတယ်လို့ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာဆနးစစ်သုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားလိုက်ပါတယ်။

u-shwe-man

သူရဦးရွှေမန်းဟာ မန္တလေးမြို့ မြို့တော်ခန်းမမှာ ဒီဇင်ဘာ ၁၆ ရက်နေ့က လုပ်တဲ့ တရားဥပဒေစိုးမိုးရေးဆိုင်ရာ ဆွေးနွေးပွဲမှာ အခုလို ပြောကြားခဲ့တာပါ။
သူရဦးရွှေမန်းဦးဆောင်တဲ့ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်အနေနဲ့ ပုဒ်မ ၆၆(ဃ)ကို ပြင်ဆင်ဖို့အတွက် အကြိတ်အနယ် ဆွေးနွေးခဲ့ကြရတယ်လို့လည်း ဆိုပါတယ်။

ဆက်သွယ်ရေးဥပဒေ အမြန်ဆုံးပြင်ဆင်ပေးရေး လှုပ်ရှားမှုဦးဆောင်ကော်မတီရဲ့ ထုတ်ပြန်ချက်အရ လက်ရှိအစိုးရလက်ထက်မှာ ပုဒ်မ ၆၆(ဃ)နဲ့ ဖမ်းဆီးခံရသူ ၁၅ ဦးအထိ ရှိပြီ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)