ကာစီႏုိ႐ုံေတြမွာ ျမန္မာနုိင္ငံသားေတြ ကစားခြင့္ျပဳသင့္ေၾကာင္း အမ်ဳိးသားလႊတ္ေတာ္ကုိယ္စားလွယ္ ဦးသန္းစိုးက ေဆြးေႏြး

0
627

၂၀၁၈ ခုႏွစ္ ေလာင္းကစားဥပေဒၾကမ္းမွာ ျမန္မာနုိင္ငံသား မည္သူမ်ွ ကာစီႏုိအတြင္း ဝင္ေရာက္ ကစားျခင္း မျပဳရဆုိၿပီး ျပည္သူ႔လႊတ္ေတာ္မွာ အတည္ျပဳထားၿပီး ျဖစ္ပါတယ္။

အဲဒီလုိ ျပည္သူ႔လႊတ္ေတာ္မွာ ျပင္ဆင္အတည္ျပဳခ်က္ေတြနဲ႔ ေပးပို႔လာတဲ့ဥပေဒနဲ႔ ပတ္သက္ၿပီး လႊတ္ ေတာ္ကုိယ္စားလွယ္ ေလးဦး ေဆြးေႏြးခဲ့ၾကတာ ျဖစ္ပါတယ္။ အဲဒီလုိ ေဆြးေႏြးစဥ္မွာ ရန္ကုန္တုိင္းေဒသႀကီး မဲဆႏၵနယ္ အမွတ္ (၄) အမ်ဳိုးသားလႊတ္ေတာ္ကုိယ္စားလွယ္ ဦးသန္းစုိးက ကာစီႏုိ႐ုံမွာ ျမန္မာနုိင္ငံသားေတြ ကစားခြင့္ျပဳသင့္ေၾကာင္း ထည့္သြင္းေဆြးေႏြးခဲ့တာ ျဖစ္ပါတယ္။

“ကြ်န္ေတာ္တုိ႔ဆီမွာ ခ်မ္းသာတဲ့ ခ႐ုိနီေတြ ေပါတယ္၊ စင္ကာပူတုိ႔၊ မကာအုိတုိ႔ဆီမွာ သြားကစားၾကတယ္။ ဒါေပမယ့္ စင္ကာပူနုိင္ငံသားေတြက်ေတာ့ သူတုိ႔ ကစားလုိ႔ရွိရင္ နုိင္ငံျခားက ၁၀ ေပးလို႔ရွိရင္ သူတုိ႔က ၁၀၀၀ ေပးရတယ္။ ဝင္ေၾကးေပါ့ေနာ္၊ အဲဒီလုိလုပ္ထားတယ္၊ မေလးရွားမွာလည္း ဒီလုိပဲ၊ အဲဒါေၾကာင့္ ႏုိင္ငံသားနဲ႔ နုိင္ငံျခားသားကုိ ခြဲဲထားတယ္။ အဲဒီေတာ့ ႏုိင္ငံသားေတြကုိ ေပးသင့္တယ္။ ၿမိဳ႕တုိင္း၊ နယ္တုိင္းမွာလည္း တရားဝင္ေရာ တရားမဝင္ေရာ ရွိေနတယ္။ အဲဒီလို ႏုိင္ငံသားကုိ ပိတ္ထားေတာ့ တရားမဝင္ေတြ မ်ားလာတယ္။ အစုိးရက ၄၀ အခြန္ေကာက္တယ္၊ ၆၀ ကို ျပန္ထည့္တယ္။ အဲဒီေတာ့ တရားမဝင္ မ်ားလာတာေပါ့” ဟု အမ်ဳိးသားလႊတ္ေတာ္ကုိယ္စားလွယ္ ဦးသန္းစုိးက ေျပာပါတယ္။

တရားမဝင္လုပ္ကိုင္တဲ့သူေတြ မ်ားျပားလာတာေၾကာင့္ ဌာနဆုိင္ရာေတြ အပါအဝင္ နယ္ထိန္းေတြက ဆက္ေၾကးေတြ ေတာင္းလာၾကေၾကာင္း၊ အဲဒါေၾကာင့္ ဥပေဒပုဒ္မ ၁၃ အရ နည္းလမ္းတက် ဥပေဒနဲ႔အညီ ဥပေဒက ပိတ္လုိက္တာေၾကာင့္ အဲဒီပုဒ္မမွာ ဝိေရာဓိ ျဖစ္ေနေၾကာင္း အမ်ဳိးသားလႊတ္ေတာ္ကုိယ္စားလွယ္ ဦးသန္းစုိးက ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကာစီနိုရုံတွေမှာ မြန်မာနိုင်ငံသားတွေ ကစားခွင့်ပြုသင့်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးသန်းစိုးက ဆွေးနွေး

၂၀၁၈ ခုနှစ် လောင်းကစားဥပဒေကြမ်းမှာ မြန်မာနိုင်ငံသား မည်သူမျှ ကာစီနိုအတွင်း ဝင်ရောက် ကစားခြင်း မပြုရဆိုပြီး ပြည်သူ့လွှတ်တော်မှာ အတည်ပြုထားပြီး ဖြစ်ပါတယ်။

အဲဒီလို ပြည်သူ့လွှတ်တော်မှာ ပြင်ဆင်အတည်ပြုချက်တွေနဲ့ ပေးပို့လာတဲ့ဥပဒေနဲ့ ပတ်သက်ပြီး လွှတ် တော်ကိုယ်စားလှယ် လေးဦး ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီလို ဆွေးနွေးစဉ်မှာ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၄) အမျိုုးသားလွှတ်တော်ကိုယ်စားလှယ် ဦးသန်းစိုးက ကာစီနိုရုံမှာ မြန်မာနိုင်ငံသားတွေ ကစားခွင့်ပြုသင့်ကြောင်း ထည့်သွင်းဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

“ကျွန်တော်တို့ဆီမှာ ချမ်းသာတဲ့ ခရိုနီတွေ ပေါတယ်၊ စင်ကာပူတို့၊ မကာအိုတို့ဆီမှာ သွားကစားကြတယ်။ ဒါပေမယ့် စင်ကာပူနိုင်ငံသားတွေကျတော့ သူတို့ ကစားလို့ရှိရင် နိုင်ငံခြားက ၁၀ ပေးလို့ရှိရင် သူတို့က ၁၀ဝ၀ ပေးရတယ်။ ဝင်ကြေးပေါ့နော်၊ အဲဒီလိုလုပ်ထားတယ်၊ မလေးရှားမှာလည်း ဒီလိုပဲ၊ အဲဒါကြောင့် နိုင်ငံသားနဲ့ နိုင်ငံခြားသားကို ခွဲထားတယ်။ အဲဒီတော့ နိုင်ငံသားတွေကို ပေးသင့်တယ်။ မြို့တိုင်း၊ နယ်တိုင်းမှာလည်း တရားဝင်ရော တရားမဝင်ရော ရှိနေတယ်။ အဲဒီလို နိုင်ငံသားကို ပိတ်ထားတော့ တရားမဝင်တွေ များလာတယ်။ အစိုးရက ၄၀ အခွန်ကောက်တယ်၊ ၆၀ ကို ပြန်ထည့်တယ်။ အဲဒီတော့ တရားမဝင် များလာတာပေါ့” ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးသန်းစိုးက ပြောပါတယ်။

တရားမဝင်လုပ်ကိုင်တဲ့သူတွေ များပြားလာတာကြောင့် ဌာနဆိုင်ရာတွေ အပါအဝင် နယ်ထိန်းတွေက ဆက်ကြေးတွေ တောင်းလာကြကြောင်း၊ အဲဒါကြောင့် ဥပဒေပုဒ်မ ၁၃ အရ နည်းလမ်းတကျ ဥပဒေနဲ့အညီ ဥပဒေက ပိတ်လိုက်တာကြောင့် အဲဒီပုဒ်မမှာ ဝိရောဓိ ဖြစ်နေကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးသန်းစိုးက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)