ေတာင္သူေတြကို တရားစြဲ ေထာင္ခ်တဲ့ ဥပေဒေတြကို ျပန္သံုးသပ္ဖို႔ လိုအပ္ေန

0
492

ရခုိင္ျပည္နယ္ ပုဏၰားကၽြန္းၿမိဳ႕နယ္ တန္းခိုးေက်းရြာက ေက်းရြာသူ၊ေက်းရြာသား ၃၂ ဦးကို စိုက္ပ်ိဳးလုပ္ကိုင္ေနၾကတဲ့ လယ္ေျမေတြအတြက္ ေျမခြန္မေဆာင္လို႔ဆိုၿပီး ၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာနက တရားစြဲဆိုထားတဲ့အတြက္ ေဒသခံေတြက အမႈရင္ဆိုင္ေနၾကရတာ ျဖစ္ပါတယ္။

သတင္းဓာတ္ပုံ – မင္းမ်ဳိးႏြယ္

ဒီျဖစ္စဥ္နဲ႔ ပက္သက္လို႔ ေတာင္သူလယ္သမားမ်ား ဥပေဒအေထာက္အကူျပဳ ကြန္ရက္က ျပင္းျပင္းထန္ထန္ ေဝဖန္လိုက္ပါတယ္။အာဏာရွင္ လက္ထက္မွာေတာင္ ေတာင္သူေတြကို တရားစြဲ ေထာင္ခ်တာေတြ မလုပ္ခဲ့ေပမယ့္ အခုလက္ရွိမွာ ေတာင္သူေတြကို တရားစြဲတာေတြ၊ ေထာင္ခ်တာေတြ လုပ္လာတဲ့အတြက္ အဲ့ဒီ ေတာင္သူေတြနဲ႔ဆိုင္တဲ့ ဥပေဒေတြကို ျပန္ၿပီးသံုးသပ္ဖို႔ လိုတယ္လို႔ ေတာင္သူလယ္သမားမ်ား ဥပေဒအေထာက္အကူျပဳ ကြန္ရက္က ဦးေက်ာ္ထီြးက ေျပာဆိုလိုက္ပါတယ္။

ရခုိင္ျပည္နယ္ ပုဏၰားကၽြန္းၿမိဳ႕နယ္ တန္းခိုးေက်းရြာက ေက်းရြာသူ၊ ေက်းရြာသား ၃၂ ဦးကို ၿပီးခဲ့တဲ့ တပ္မေတာ္အစိုးရလက္ထက္က အေနာက္ပိုင္းတုိင္း စစ္ဌာနခ်ဳပ္ တုိင္းမွဴး ေမာင္ဦးက ၂၀၀၄ ခုႏွစ္မွာ ဆင္းရဲႏြမ္းပါးတဲ့ ေက်းရြာသားေတြအတြက္ လယ္ေျမေဖာ္ေဆာင္ေရး စီမံကိန္းျပဳလုပ္ၿပီး ဧက တစ္ရာေက်ာ္ကို လုပ္ကိုင္ခြင့္ရရွိထားတာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တောင်သူတွေကို တရားစွဲ ထောင်ချတဲ့ ဥပဒေတွေကို ပြန်သုံးသပ်ဖို့ လိုအပ်နေ

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် တန်းခိုးကျေးရွာက ကျေးရွာသူ၊ကျေးရွာသား ၃၂ ဦးကို စိုက်ပျိုးလုပ်ကိုင်နေကြတဲ့ လယ်မြေတွေအတွက် မြေခွန်မဆောင်လို့ဆိုပြီး မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက တရားစွဲဆိုထားတဲ့အတွက် ဒေသခံတွေက အမှုရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။

ဒီဖြစ်စဉ်နဲ့ ပက်သက်လို့ တောင်သူလယ်သမားများ ဥပဒေအထောက်အကူပြု ကွန်ရက်က ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။အာဏာရှင် လက်ထက်မှာတောင် တောင်သူတွေကို တရားစွဲ ထောင်ချတာတွေ မလုပ်ခဲ့ပေမယ့် အခုလက်ရှိမှာ တောင်သူတွေ ကို တရားစွဲတာတွေ၊ ထောင်ချတာတွေ လုပ်လာတဲ့အတွက် အဲ့ဒီ တောင်သူတွေနဲ့ဆိုင်တဲ့ ဥပဒေတွေကို ပြန်ပြီးသုံးသပ်ဖို့ လိုတယ်လို့ တောင်သူလယ်သမားများ ဥပဒေအထောက်အကူပြု ကွန်ရက်က ဦးကျော်ထွီးက ပြောဆိုလိုက်ပါတယ်။

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် တန်းခိုးကျေးရွာက ကျေးရွာသူ၊ ကျေးရွာသား ၃၂ ဦးကို ပြီးခဲ့တဲ့ တပ်မတော်အစိုးရလက်ထက်က အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး မောင်ဦးက ၂၀ဝ၄ ခုနှစ်မှာ ဆင်းရဲနွမ်းပါးတဲ့ ကျေးရွာသားတွေအတွက် လယ်မြေဖော်ဆောင်ရေး စီမံကိန်းပြုလုပ်ပြီး ဧက တစ်ရာကျော်ကို လုပ်ကိုင်ခွင့်ရရှိထားတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)