လူငယ္ေတြ တုိးတက္ေျပာင္းလဲမႈရဲ႕ စိန္ေခၚမႈကို ရင္ဆုိင္နုိင္ဖို႔ FCEM က မ်ွေဝသင္ျပ (႐ုပ္/သံ)

0
1023

လူငယ္ေတြ တုိးတက္ေျပာင္းလဲလာမယ့္ စိန္ေခၚမႈေတြကို ေျဖရွင္းႏိုင္ဖို႔အျပင္ အေျခခံဘဝေနထိုင္မႈပံုစံ ကြ်မ္းက်င္ေအာင္ မွ်ေဝသင္ျပေပးေနပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္ ေဌးေဌးက ေပးပို႔ထားပါတယ္။

ျမန္မာႏိုင္ငံရဲ႕ ပညာေရးစနစ္ဟာ သင္႐ုိးညႊန္းတန္း ျပည့္မီဖုိ႔ ဆရာ၊ ဆရာမေတြကလည္း သင္ၾကားေနသလို ေက်ာင္းသား၊ ေက်ာင္းသူေတြကလည္း အလြတ္က်က္ ပညာေရးပံုစံကေန တိုးတက္ေျပာင္းလဲလာမယ့္ အနာဂတ္အတြက္ ႀကိဳတင္ျပင္ဆင္ႏိုင္ဖို႔နဲ႔ ဘဝေနထိုင္မႈ ပံုစံေတြကို သင္ၾကားေပးေနတာ ျဖစ္တယ္လို႔ Franklin Covey Education Myanmar က ေျပာပါတယ္။

လူငယ္အမ်ားစုဟာ ငယ္ရြယ္စဥ္ကတည္းက အေျခခံေကာင္းေတြ မရွိတာေၾကာင့္ ေခါင္းေဆာင္မႈနဲ႔ပတ္သက္တဲ့ Leadership Skill ေတြ၊ Life Skill ေတြအျပင္ အစုအဖြဲ႕လိုက္ ေဆာင္ရြက္တတ္မႈေတြ၊ ႐ႈံးနိမ့္တဲ့အခါ ျပန္လည္ထူေထာင္ဖို႔ကို မလုပ္ေဆာင္ႏိုင္တဲ့အတြက္ ႐ႈံးနိမ့္မႈေတြနဲ႔ ရင္ဆိုင္ရတာျဖစ္တယ္လို႔လည္း ေျပာပါတယ္။

Soundbite ; မႏွင္းပြင့္ျဖဴ (Director 0f Marketing)
Franklin Covey education myanmar

ျပည္တြင္းမွာသာမက တျခားႏိုင္ငံေတြမွာပါ ပညာေရးနဲ႔ပတ္သက္တဲ့ စိန္ေခၚမႈေတြ ရွိေနတာေၾကာင့္ လူငယ္ေတြရဲ႕ အေတြးအေခၚေတြကိုေျပာင္းလဲဖို႔ဟာ KG တန္းကစၿပီး တကၠသိုလ္အထိ အေတြးအေခၚနဲ႔ တီထြင္ႀကံဆမႈေတြကို အခ်ိန္ေပး မွ်ေ၀သင္ျပေပးဖို႔ လိုအပ္ေနတာ ျဖစ္ပါတယ္။

ဒါ့အျပင္ ေက်ာင္းသား၊လူငယ္ေတြတင္မဟုတ္ဘဲ ေက်ာင္းအုပ္ခ်ဳပ္သူ ေက်ာင္းဆရာနဲ႔ ဆရာမေတြကိုပါ ျပန္လည္ မွ်ေဝသင္ယူဖို႔ လိုအပ္ေနတာပါ။

အရင္ေရွးရိုးစြဲ အမူအက်င့္ေတြကို ေဖ်ာက္ဖ်က္ၿပီး အစိုးရ ေက်ာင္းေတြနဲ႔ ပုဂၢလိကေက်ာင္းေတြအပါအ၀င္ တကၠသိုလ္ေက်ာင္းေတြမွာပါ ေတြးေခၚမႈအေလ့အထေတြကို သင္ၾကားေပးမွသာ Community တိုးတက္ေျပာင္းလဲလာမွာ ျဖစ္ပါတယ္။

Soundbite ; ေဒါက္တာခိုင္ၿမဲ(ညႊန္ၾကားေရးမွဴးအၿငိမ္းစား)
ျမန္မာနိုင္ငံပညာေရးသုေတသနဦးစီးဌာန

Franklin Covey education myanmar က ပညာေရးနဲ႔ပတ္သက္ၿပီး မႏၱေလးတကၠသိုလ္၊ ရန္ကုန္ႏုိင္ငံျခားဘာသာသင္တန္းေက်ာင္း (UFL) နဲ႔ ရခိုင္ျပည္နယ္က အစိုးရေက်ာင္းနဲ႔ ဘုန္းေတာ္ႀကီးသင္ ပညာေရးေက်ာင္း (ဘက) ေက်ာင္းေတြကိုလည္း တစ္ႏွစ္ခြဲေက်ာ္ကာလအတြင္း ဘဝေနထိုင္မႈ၊ ေခါင္းေဆာင္မႈနဲ႔ တီထြင္ႀကံဆႏိုင္မႈေတြကို မွ်ေဝသင္ျပႏိုင္ခဲ့သလို အစိုးရေက်ာင္းေတြကိုလည္း စတင္မွ်ေ၀သင္ၾကားႏိုင္ဖို႔ သက္ဆိုင္ရာဌာနကေတြကို တင္ျပထားတယ္လို႔ ေျပာပါတယ္ရွင္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လူငယ်တွေ တိုးတက်ပြောင်းလဲမှုရဲ့ စိန်ခေါ်မှုကို ရင်ဆိုင်နိုင်ဖို့ FCEM က မျှဝေသင်ပြ

လူငယ်တွေ တိုးတက်ပြောင်းလဲလာမယ့် စိန်ခေါ်မှုတွေကို ဖြေရှင်းနိုင်ဖို့အပြင် အခြေခံ ဘဝနေထိုင်မှုပုံစံ ကျွမ်းကျင်အောင် မျှဝေသင်ပြပေးနေပါတယ်။ ဒီသတင်းကို MCN သတင်းထောက် ဌေးဌေးက ပေးပို့ထားပါတယ်။

မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်ဟာ သင်ရိုးညွှန်းတန်း ပြည့်မီဖို့ ဆရာ၊ ဆရာမတွေကလည်း သင်ကြားနေသလို ကျောင်းသား၊ ကျောင်းသူတွေကလည်း အလွတ်ကျက် ပညာရေးပုံစံကနေ တိုးတက်ပြောင်းလဲလာမယ့် အနာဂတ်အတွက် ကြိုတင်ပြင်ဆင်နိုင်ဖို့နဲ့ ဘဝနေထိုင်မှု ပုံစံတွေကို သင်ကြားပေးနေတာ ဖြစ်တယ်လို့ Franklin Covey Education Myanmar က ပြောပါတယ်။

လူငယ်အများစုဟာ ငယ်ရွယ်စဉ်ကတည်းက အခြေခံကောင်းတွေ မရှိတာကြောင့် ခေါင်းဆောင်မှုနဲ့ပတ်သက်တဲ့ Leadership Skill တွေ၊ Life Skill တွေအပြင် အစုအဖွဲ့လိုက် ဆောင်ရွက်တတ်မှုတွေ၊ ရှုံးနိမ့်တဲ့အခါ ပြန်လည်ထူထောင်ဖို့ကို မလုပ်ဆောင်နိုင်တဲ့အတွက် ရှုံးနိမ့်မှုတွေနဲ့ ရင်ဆိုင်ရတာဖြစ်တယ်လို့လည်း ပြောပါတယ်။

Soundbite ; မနှင်းပွင့်ဖြူ (Director 0f Marketing)
Franklin Covey education myanmar

ပြည်တွင်းမှာသာမက တခြားနိုင်ငံတွေမှာပါ ပညာရေးနဲ့ပတ်သက်တဲ့ စိန်ခေါ်မှုတွေ ရှိနေတာကြောင့် လူငယ်တွေရဲ့ အတွေးအခေါ်တွေကိုပြောင်းလဲဖို့ဟာ KG တန်းကစပြီး တက္ကသိုလ်အထိ အတွေးအခေါ်နဲ့ တီထွင်ကြံဆမှုတွေကို အချိန်ပေး မျှဝေသင်ပြပေးဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။

ဒါ့အပြင် ကျောင်းသား၊လူငယ်တွေတင်မဟုတ်ဘဲ ကျောင်းအုပ်ချုပ်သူ ကျောင်းဆရာနဲ့ ဆရာမတွေကိုပါ ပြန်လည် မျှဝေသင်ယူဖို့ လိုအပ်နေတာပါ။

အရင်ရှေးရိုးစွဲ အမူအကျင့်တွေကို ဖျောက်ဖျက်ပြီး အစိုးရ ကျောင်းတွေနဲ့ ပုဂ္ဂလိကကျောင်းတွေအပါအဝင် တက္ကသိုလ်ကျောင်းတွေမှာပါ တွေးခေါ်မှုအလေ့အထတွေကို သင်ကြားပေးမှသာ Community တိုးတက်ပြောင်းလဲလာမှာ ဖြစ်ပါတယ်။

Soundbite ; ဒေါက်တာခိုင်မြဲ(ညွှန်ကြားရေးမှူးအငြိမ်းစား)
မြန်မာနိုင်ငံပညာရေးသုတေသနဦးစီးဌာန

Franklin Covey education myanmar က ပညာရေးနဲ့ပတ်သက်ပြီး မန္တလေးတက္ကသိုလ်၊ ရန်ကုန်နိုင်ငံခြားဘာသာသင်တန်းကျောင်း (UFL) နဲ့ ရခိုင်ပြည်နယ်က အစိုးရကျောင်းနဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (ဘက) ကျောင်းတွေကိုလည်း တစ်နှစ်ခွဲကျော်ကာလအတွင်း ဘဝနေထိုင်မှု၊ ခေါင်းဆောင်မှုနဲ့ တီထွင်ကြံဆနိုင်မှုတွေကို မျှဝေသင်ပြနိုင်ခဲ့သလို အစိုးရကျောင်းတွေကိုလည်း စတင်မျှဝေသင်ကြားနိုင်ဖို့ သက်ဆိုင်ရာဌာနကတွေကို တင်ပြထားတယ်လို့ ပြောပါတယ်ရှင်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)