လူမႈဘဝေတြ ဖြံ႔ၿဖိဳးတုိးတက္နုိင္ဖို႔ စီးပြားေရးလုပ္ငန္းရွင္ေတြရဲ႕ ဘဝေပၚမွာ မူတည္ (႐ုပ္/သံ)

0
912

နုိင္ငံဖြံ႔ၿဖဳိးတုိးတက္ေရးနဲ႔ လူမႈေရးဘဝ ဖြံ႕ၿဖဳိးတုိးတက္လာႏုိင္ဖုိ႔ ေသး၊ ငယ္၊ လတ္၊ စီးပြားေရးလုပ္ငန္းရွင္ေတြရဲ႕ ဘဝေပၚမွာ မူတည္ေနပါတယ္လုိ႔ ရန္ကုန္တုိင္းဝန္ႀကီးခ်ဳပ္ ဦးၿဖဳိးမင္းသိန္းက ေျပာၾကားလုိက္ပါတယ္။ ဒီသတင္းကုိ MCN သတင္းေထာက္ သႏာၱမုိးက ေပးပုိ႔ထားပါတယ္။

နုိင္ငံဖြံ႔ၿဖဳိးေရးနဲ႔ လူမႈေရးဘဝ ဖြံ႔ၿဖဳိးတုိးတက္ဖို႔ဟာ အေသးစား၊ အငယ္စား၊ အလတ္စား စီးပြားေရးလုပ္ငန္းရွင္ေတြရဲ႕ ဘဝေပၚမွာ မူတည္ေနတယ္လို႔ ရန္ကုန္တိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္က ေျပာပါတယ္။

ဒါ့အျပင္ ရန္ကုန္တိုင္းေဒသႀကီးအတြင္းက ေသး၊ ငယ္၊ လတ္ စီးပြားေရးလုပ္ငန္းရွင္ေတြကုိ Biomatic စနစ္နဲ႔ စာရင္းေကာက္ယူထားၿပီး လုပ္ငန္းရွင္ ၃ ေသာင္းေက်ာ္ရွိတယ္လို႔ ဦးၿဖဳိးမင္းသိန္းက ေျပာပါတယ္။

နုိဝင္ဘာလ ၁၆ ရက္ေန႔က ရန္ကုန္ၿမဳိ႕ ရန္ကင္းၿမဳိ႕နယ္ Fortune Plaza မွာ သတၱမအႀကိမ္ေျမာက္ အေသးစား၊ အငယ္စားနဲ႔ အလတ္စား စီးပြားေရးလုပ္ငန္းမ်ား (MSMEs) ေဒသတြင္း ထုတ္ကုန္ျပပြဲ၊ ၿပဳိင္ပြဲ ဖြင့္ပြဲအခမ္းအနား ျပဳလုပ္ခဲ့တာပါ။

Soundbite ဦးၿဖဳိးမင္းသိန္း (ရန္ကုန္တုိင္းေဒသႀကီးဝန္ႀကီးခ်ဳပ္)

ဒါ့အျပင္ အဲဒီျပပြဲမွာ ဘဏ္ေတြက အေသးစား၊ အငယ္စားႏွင္႔ အလတ္စားစီးပြားေရး လုပ္ငန္းရွင္ေတြကုိ SME ေခ်းေငြ က်ပ္သန္းေပါင္း ၉ ေထာင္နီးပါး ထုတ္ေခ်းခဲ႔ပါတယ္။ တခ်ဳိ႕လုပ္ငန္းရွင္ေတြအေနနဲ႔ SME ေခ်းေငြ ေခ်းယူရာမွာ အခက္အခဲေတြ ရွိေနတယ္လုိ႔လည္း ေျပာပါတယ္။

Soundbite ဦးကံညႊန္႔ (ဥကၠ႒)
ရန္ကုန္တုိင္းေဒသႀကီး ဖိနပ္လုပ္ငန္းရွင္မ်ားအဖြဲ႕

အေသးစား၊ အငယ္စားနဲ႔ အလတ္စား စီးပြားေရးလုပ္ငန္းမ်ား(MSMEs) ေဒသတြင္း ထုတ္ကုန္ျပပြဲ ၿပိဳင္ပြဲကို နို၀င္ဘာလ ၁၆ ရက္ေန႔ကေန႔ ၁၈ ရက္ေန႔အထိ သုံးရက္ၾကာ က်င္းပေနတာျဖစ္ၿပီး ျပပြဲအမ်ဳိးအစားေပါင္း (၇) မ်ဳိးအတြက္ ျပခန္း ၃ ရာေက်ာ္ ျပသထားတာလည္း ျဖစ္ပါတယ္ရွင္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>

လူမှုဘဝတွေ ဖွံ့ဖြိုးတိုးတက်နိုင်ဖို့ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ ဘဝပေါ်မှာ မူတည်

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနဲ့ လူမှုရေးဘဝ ဖွံ့ဖြိုးတိုးတက်လာနိုင်ဖို့ သေး၊ ငယ်၊ လတ်၊ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ ဘဝပေါ်မှာ မူတည်နေပါတယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားလိုက်ပါတယ်။ ဒီသတင်းကို MCN သတင်းထောက် သန္တာမိုးက ပေးပို့ထားပါတယ်။

နိုင်ငံဖွံ့ဖြိုးရေးနဲ့ လူမှုရေးဘဝ ဖွံ့ဖြိုးတိုးတက်ဖို့ဟာ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ ဘဝပေါ်မှာ မူတည်နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြောပါတယ်။

ဒါ့အပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်းက သေး၊ ငယ်၊ လတ် စီးပွားရေးလုပ်ငန်းရှင်တွေကို Biomatic စနစ်နဲ့ စာရင်းကောက်ယူထားပြီး လုပ်ငန်းရှင် ၃ သောင်းကျော်ရှိတယ်လို့ ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

နိုဝင်ဘာလ ၁၆ ရက်နေ့က ရန်ကုန်မြို့ ရန်ကင်းမြို့နယ် Fortune Plaza မှာ သတ္တမအကြိမ်မြောက် အသေးစား၊ အငယ်စားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) ဒေသတွင်း ထုတ်ကုန်ပြပွဲ၊ ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ပြုလုပ်ခဲ့တာပါ။

Soundbite ဦးဖြိုးမင်းသိန်း (ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်)

ဒါ့အပြင် အဲဒီပြပွဲမှာ ဘဏ်တွေက အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းရှင်တွေကို SME ချေးငွေ ကျပ်သန်းပေါင်း ၉ ထောင်နီးပါး ထုတ်ချေးခဲ့ပါတယ်။ တချို့လုပ်ငန်းရှင်တွေအနေနဲ့ SME ချေးငွေ ချေးယူရာမှာ အခက်အခဲတွေ ရှိနေတယ်လို့လည်း ပြောပါတယ်။

Soundbite ဦးကံညွှန့် (ဥက္ကဋ္ဌ)
ရန်ကုန်တိုင်းဒေသကြီး ဖိနပ်လုပ်ငန်းရှင်များအဖွဲ့

အသေးစား၊ အငယ်စားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းများ(MSMEs) ဒေသတွင်း ထုတ်ကုန်ပြပွဲ ပြိုင်ပွဲကို နိုဝင်ဘာလ ၁၆ ရက်နေ့ကနေ့ ၁၈ ရက်နေ့အထိ သုံးရက်ကြာ ကျင်းပနေတာဖြစ်ပြီး ပြပွဲအမျိုးအစားပေါင်း (၇) မျိုးအတွက် ပြခန်း ၃ ရာကျော် ပြသထားတာလည်း ဖြစ်ပါတယ်ရှင်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)