
0
538



………………… ။ ။ ………………….

စီးတီးတက္ကစီ ၁၀၈ စီး မှတ်ပုံတင်သစ် ပြုလုပ်၊ ၂၁၀ စီး သက်တမ်းတိုး

ရန်ကုန်တိုင်း ဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) မှာ နိုဝင်ဘာ ၁၄ ရက်နေ့အထိ မှတ်ပုံတင်သစ် ပြုလုပ်တဲ့ စီးတီးတက္ကစီ ၁၀၈ စီး၊ သက်တမ်းတိုးတဲ့ တက္ကစီ ၂၀၁ စီး ရှိလာပြီ ဖြစ်ပါတယ်။

ရန်ကုန်လိုင်စင်နဲ့ တက္ကစီပြေးဆွဲခွင့် ရထားတဲ့ အငှားယာဉ်တွေအနေနဲ့ စီးတီးတက္ကစီအဖြစ် မှတ်ပုံတင်လုပ်ငန်း ဆောင်ရွက်ခြင်းကို ဒီဇင်ဘာ ၃၁ ရက်နေ့ နောက်ဆုံးထား ဆောင်ရွက်ရမှာဖြစ်ပြီး မှတ်ပုံတင်မထားရင် ၂၀၁၈ ဇန်နဝါရီလ ၁ ကစပြီး အရေးယူမှာ ဖြစ်ပါတယ်။

မှတ်ပုံတင် လုပ်ပေးတဲ့ တာမွေမြို့နယ်၊ လေးထောင့်ကန်လမ်း၊ မာန်အောင်ရပ်ကွက်မှာ ယာဉ်ကြောပိတ်ဆို့တဲ့အတွက် ယာဉ်ကြောရှင်းလင်းရေး ၁၀ ဦး ဖွဲ့စည်းပြီး ဆောင်ရွက်ပေးနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)