အိႏၵိယသမုဒၵရာ ကမ္းေျခမ်ားအဖြဲ႕ကို ဝင္ရင္ စီးပြားေရး၊ ႏိုင္ငံေရး အျမတ္ရွိႏိုင္

0
542

အိႏၵိယသမုဒၵရာ ကမ္းေျခမ်ားအဖြဲ႔ (IORA) ကို ျမန္မာႏိုင္ငံက အဖြဲ႔ဝင္အျဖစ္ ဝင္ရင္ စီးပြားေရးနဲ႔ ႏိုင္ငံေရး အက်ိဳးအျမတ္ ရွိမယ္လို႔ ႏိုင္ငံျခားေရး ဒု ဝန္ႀကီး ဦးေက်ာ္တင္က ေျပာပါတယ္။

IORA အဖြဲ႔ ဝင္ေရာက္ျခင္းအားျဖင့္ ျမန္မာႏိုင္ငံရဲ႕ အဓိက စိန္ေခၚမႈေတြနဲ႔ အေျခအေနမွန္ေတြကို ပိုမို နားလည္လာေစႏိုင္မယ့္ အျပင္ စီးပြားေရးနဲ႔ လံုၿခံဳေရးဆိုင္ရာ ပူးေပါင္းေဆာင္ရြက္မႈ တိုးျမွင့္ေရး၊ နည္းပညာ၊ အတတ္ပညာနဲ႔ အရင္းအႏွီးေတြ ဖိတ္ေခၚႏိုင္ေရးေတြကိုလည္း တိုးခ်ဲ႕ေဆာင္ရြက္ႏိုင္မယ္လို႔ မေန႔က ႏိုဝင္ဘာ ၁၆ မွာ က်င္းပတဲ့ ျပည္ေထာင္စု လႊတ္ေတာ္ အစည္းအေဝးမွာ ဒု ဝန္ႀကီး ဦးေက်ာ္တင္က ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

IORA အဖြဲ႔ဝင္ေရး သမၼတ ဦးထင္ေက်ာ္ရဲ႕ ေပးပို႔ခ်က္ကို ျပည္ေထာင္စု လႊတ္ေတာ္က သေဘာတူရင္ IORA အတြင္းေရးမႉးခ်ုပ္႐ံုးကို အဖြဲ႔ဝင္ေရာက္လိုေၾကာင္း အေၾကာင္းၾကားစာ ေပးပို႔သြားမွာ ျဖစ္ပါတယ္။
…………………. ။ ။ …………………..

အိန္ဒိယသမုဒ္ဒရာ ကမ်းခြေများအဖွဲ့ကို ဝင်ရင် စီးပွားရေး၊ နိုင်ငံရေး အမြတ်ရှိနိုင်

အိန္ဒိယသမုဒ္ဒရာ ကမ်းခြေများအဖွဲ့ (IORA) ကို မြန်မာနိုင်ငံက အဖွဲ့ဝင်အဖြစ် ဝင်ရင် စီးပွားရေးနဲ့ နိုင်ငံရေး အကျိုးအမြတ် ရှိမယ်လို့ နိုင်ငံခြားရေး ဒု ဝန်ကြီး ဦးကျော်တင်က ပြောပါတယ်။

IORA အဖွဲ့ ဝင်ရောက်ခြင်းအားဖြင့် မြန်မာနိုင်ငံရဲ့ အဓိက စိန်ခေါ်မှုတွေနဲ့ အခြေအနေမှန်တွေကို ပိုမို နားလည်လာစေနိုင်မယ့် အပြင် စီးပွားရေးနဲ့ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ နည်းပညာ၊ အတတ်ပညာနဲ့ အရင်းအနှီးတွေ ဖိတ်ခေါ်နိုင်ရေးတွေကိုလည်း တိုးချဲ့ဆောင်ရွက်နိုင်မယ်လို့ မနေ့က နိုဝင်ဘာ ၁၆ မှာ ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ ဒု ဝန်ကြီး ဦးကျော်တင်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။

IORA အဖွဲ့ဝင်ရေး သမ္မတ ဦးထင်ကျော်ရဲ့ ပေးပို့ချက်ကို ပြည်ထောင်စု လွှတ်တော်က သဘောတူရင် IORA အတွင်းရေးမှူးချုပ်ရုံးကို အဖွဲ့ဝင်ရောက်လိုကြောင်း အကြောင်းကြားစာ ပေးပို့သွားမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)