တုိက္ခန္းေတြကုိ အရစ္က်စနစ္နဲ႔ ၁၅ ႏွစ္အထိ ေပးေခ်၀ယ္ယူနုိင္ၿပီ (႐ုပ္/သံ)

0
694

ရန္ကုန္တိုင္းအတြင္းက ၿမိဳ႕နယ္တိုင္းမွာရွိတဲ့ တိုက္ခန္းေတြကို အရစ္က်စနစ္နဲ႔ ၁၅ ႏွစ္အထိ ေပးေခ်ၿပီး၀ယ္ယူႏိုင္ေတာ့မွာ ျဖစ္ပါတယ္။

ရန္ကုန္တုိင္းေဒသႀကီးအတြင္းမွာရွိတဲ့ ၿမိဳ႕နယ္တိုင္းမွာ Myanmar Development Association (MDA)က ေဆာက္လုပ္ေနဆဲ အနည္းဆုံး က်ပ္သိန္း ၂၀၀ တန္ တိုက္ခန္းေတြကေန လုံးခ်င္းအိမ္ရာေတြပါ ၂ ႏွစ္ကေန ၁၅ ႏွစ္အထိ အရစ္က်ေပးေခ်ႏိုင္တဲ့စနစ္နဲ႔ ၀ယ္ယူႏိုင္ေတာ့မွာ ျဖစ္ပါတယ္။

ေအာက္တိုဘာလ ၁၆ ရက္ေန႔က ၁၈ ရက္ေန႔အထိ Mingalar Parami Business Center မွာ က်င္းပတဲ့ အိမ္ရာ အေရာင္းျပပြဲျပဳလုပ္ခဲ့တာပါ။ ဒီသတင္းကို MCN သတင္းေထာက္ ေဌးေဌးက ေပးပို႔ထားပါတယ္။

အင္တာဗ်ဴး ဦးေရာဘတ္လြင္ရန္ႏိုင္ (အဖြဲ႕၀င္)
Myanmar Development Association

အဲ့ဒီ အိမ္ရာ၊ တိုက္ခန္းေနရာေတြကို အခုလ ေအာက္တိုဘာလက စတင္ၿပီး ေရာင္းခ်ေပးမွာျဖစ္သလို ေဆာက္လုပ္ဆဲ တိုက္ခန္းေပါင္း သံုးေထာင္ေက်ာ္ ရွိတယ္လို႔ ေျပာပါတယ္။ ဒါ့အျပင္ အရစ္က်စနစ္နဲ႔ ၀ယ္ယူလိုသူေတြအေနနဲ႔ ႀကိဳက္ႏွစ္သက္တဲ့ ၿမိဳ႕နယ္အတြင္းက တိုက္ခန္းေတြကို ေရြးခ်ယ္၀ယ္ယူႏိုင္မွာလည္း ျဖစ္ပါတယ္။

အင္တာဗ်ဴး မခင္ထက္ထက္ေအာင္ (Manager) SAEPAING Marketin Limietd

တိုက္ခန္း ၀ယ္ယူသူေတြနဲ႔ လိုအပ္ေနသူေတြအတြက္ Myanmar Development Association (MDA)ရဲ႕ အိမ္ရာအေရာင္းျပပြဲေတြကို တစ္လခြဲ တစ္ႀကိမ္ ျပဳလုပ္သြားမယ္လို႔လည္း ေျပာပါတယ္ရွင္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တိုက်ခန်းတွေကို အရစ်ကျစနစ်နဲ့ ၁၅ နှစ်အထိ ပေးချေဝယ်ယူနိုင်ပြီ

ရန်ကုန်တိုင်းအတွင်းက မြို့နယ်တိုင်းမှာရှိတဲ့ တိုက်ခန်းတွေကို အရစ်ကျစနစ်နဲ့ ၁၅ နှစ်အထိ ပေးချေပြီးဝယ်ယူနိုင်တော့မှာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ မြို့နယ်တိုင်းမှာ Myanmar Development Association (MDA)က ဆောက်လုပ်နေဆဲ အနည်းဆုံး ကျပ်သိန်း ၂၀ဝ တန် တိုက်ခန်းတွေကနေ လုံးချင်းအိမ်ရာတွေပါ ၂ နှစ်ကနေ ၁၅ နှစ်အထိ အရစ်ကျပေးချေနိုင်တဲ့စနစ်နဲ့ ဝယ်ယူနိုင်တော့မှာ ဖြစ်ပါတယ်။

အောက်တိုဘာလ ၁၆ ရက်နေ့က ၁၈ ရက်နေ့အထိ Mingalar Parami Business Center မှာ ကျင်းပတဲ့ အိမ်ရာ အရောင်းပြပွဲပြုလုပ်ခဲ့တာပါ။ ဒီသတင်းကို MCN သတင်းထောက် ဌေးဌေးက ပေးပို့ထားပါတယ်။

အင်တာဗျူး ဦးရောဘတ်လွင်ရန်နိုင် (အဖွဲ့ဝင်)
Myanmar Development Association

အဲ့ဒီ အိမ်ရာ၊ တိုက်ခန်းနေရာတွေကို အခုလ အောက်တိုဘာလက စတင်ပြီး ရောင်းချပေးမှာဖြစ်သလို ဆောက်လုပ်ဆဲ တိုက်ခန်းပေါင်း သုံးထောင်ကျော် ရှိတယ်လို့ ပြောပါတယ်။ ဒါ့အပြင် အရစ်ကျစနစ်နဲ့ ဝယ်ယူလိုသူတွေအနေနဲ့ ကြိုက်နှစ်သက်တဲ့ မြို့နယ်အတွင်းက တိုက်ခန်းတွေကို ရွေးချယ်ဝယ်ယူနိုင်မှာလည်း ဖြစ်ပါတယ်။

အင်တာဗျူး မခင်ထက်ထက်အောင် (Manager) SAEPAING Marketin Limietd

တိုက်ခန်း ဝယ်ယူသူတွေနဲ့ လိုအပ်နေသူတွေအတွက် Myanmar Development Association (MDA)ရဲ့ အိမ်ရာအရောင်းပြပွဲတွေကို တစ်လခွဲ တစ်ကြိမ် ပြုလုပ်သွားမယ်လို့လည်း ပြောပါတယ်ရှင်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)