႐ုပ္ျမင္သံၾကားနဲ႔ အသံထုတ္လႊင္ျ့ခင္းဆိုင္ရာ နည္းဥပေဒ ထြက္ရွိေရး ႀကိဳးပမ္းမယ္ (႐ုပ္/သံ)

0
684

သတၱမအႀကိမ္ေျမာက္ မီဒီယာဖြံ႔ၿဖိဳးေရးညီလာခံမွာ ႐ုပ္ျမင္သံၾကားနဲ႔ အသံထုတ္လႊင့္္ျခင္းဆုိင္ရာ နည္းဥပေဒ ထြက္ရိွေရး လုပ္ေဆာင္သြားမွာျဖစ္ပါတယ္။ ဒီသတင္းကုိ MCN သတင္းေထာက္ သႏာၱမုိးက ေပးပုိ႔ထားပါတယ္။

သတၱမအၾကိမ္ေျမာက္ မီဒီယာဖြံ႔ျဖဳိးေရးညီလာခံမွာ ရုပ္ျမင္သံၾကားႏွင္႔ အသံထုတ္လႊင္႔ျခင္းဆုိင္ရာ နည္းဥပေဒထြက္ရိွေရး လုပ္ေဆာင္သြားမွာျဖစ္ၿပီး နည္းဥပေဒေရးဆြဲျပဌာန္းၿပီးပါက ေနာက္ထပ္႐ုံသံလႊင့္ မီဒီယာေတြအေနနဲ႔ လက္ရွိထုတ္လႊင့္ေနတဲ့မီဒီယာေတြနဲ႔ တန္းတူယွဥ္ၿပိဳင္ႏိုင္မယ့္လို႔ ဆရာခ်စ္၀င္းေမာင္က ေျပာပါတယ္။

ေအာက္တုိဘာလ၂၆ ရက္ေန႔က ရန္ကုန္ျမဳိ႕ DW Akademie ႐ုံးမွာ မီဒီယာနယ္ပယ္အသီးသီးက ရုပ္ျမင္သံၾကားႏွင္႔ အသံထုတ္လႊင္႔ျခင္းဆုိင္ရာဥပေဒ ႏွင္႔စပ္လ်ဥ္းသည္႔ အလုပ္ရုံေဆြးေႏြးပြဲျပဳလုပ္ခဲ႔တာပါ။

Soundbite ဦးခ်စ္၀င္းေမာင္(အဖြဲ႔၀င္)
ျမန္မာနုိင္ငံစာနယ္ဇင္းေကာင္စီ

ဒါ့အျပင္ ရုပ္ျမင္သံၾကားႏွင္႔ အသံထုတ္လႊင္႔ျခင္းဆုိင္ရာ ဥပေဒကုိ ၂၀၁၅ ခုႏွစ္ ၾသဂုတ္လ ၂၈ ရက္ေန႕က ျပဌာန္းခဲ႔ျပီး ၂၀၂၀ ခုႏွစ္ ေရြးေကာက္ပြဲမတုိင္ခင္ နည္းဥပေဒထြက္ရွိေရး ျပည္ပက ဥပေဒပညာရွင္ေတြက အၾကံျပဳခဲ့ပါတယ္။

Soundbite ဦးျမင္႔ေက်ာ္ (ျပန္ၾကားေရးတာ၀န္ခံ)
ျမန္မာနုိင္ငံသတင္းမီဒီယာေကာင္စီ

ဒီအလုပ္ရုံေဆြးေႏြးပြဲမွာ မီဒီယာနယ္ပယ္အသီးသီးက ရုပ္သံ၊ ေရဒီယုိလႊင့္မယ္သူေတြက ရုပ္ျမင္သံၾကားႏွင္႔ အသံထုတ္လႊင္႔ျခင္းဆုိင္ရာဥပေဒထဲမွာပါတဲ႔ အေရးၾကီးတဲ့ အၾကံျပဳခ်က္ေတြြကုိ နည္းဥပေဒမွာထည္႔သြင္းသြားဖုိ႔ ေဆြးေႏြးခဲ႔ၾကတာပါ။

သတၱမအႀကိမ္ေျမာက္ မီဒီယာဖြံ႔ျဖဳိး ေရးညီလာခံကို ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာလ ပထမအပတ္ ေနျပည္ေတာ္မွာ ျပဳလုပ္သြားမွာျဖစ္ၿပီး လြတ္လပ္စြာထုတ္ေဖာ္ေျပာဆုိခြင္႔၊ သတင္းသမားေတြ ေဘးအႏၱရာယ္ကင္းရွင္းေရး၊ ရုပ္ျမင္သံၾကားႏွင္႔ အသံထုတ္လႊင္႔ျခင္းဆုိင္ရာဥပေဒ၊ မီဒီယာေရရွည္တည္တန္႔ေရး စတဲ့ အခ်က္ ၄ ခ်က္ကုိ ေဆြးေႏြးသြားမွာျဖစ္ပါတယ္ရွင္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

သတ္တမအကြိမ်မြောက် မီဒီယာဖွံ့ဖြိုးရေးညီလာခံမှာ ရုပ်မြင်သံကြားနဲ့ အသံထုတ်လွှင့်ခြင်းဆိုင်ရာ နည်းဥပဒေ ထွက်ရှိရေး လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ဒီသတင်းကို MCN သတင်းထောက် သန္တာမိုးက ပေးပို့ထားပါတယ်။

သတ္တမအကြိမ်မြောက် မီဒီယာဖွံ့ဖြိုးရေးညီလာခံမှာ ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ နည်းဥပဒေထွက်ရှိရေး လုပ်ဆောင်သွားမှာဖြစ်ပြီး နည်းဥပဒေရေးဆွဲပြဌာန်းပြီးပါက နောက်ထပ်ရုံသံလွှင့် မီဒီယာတွေအနေနဲ့ လက်ရှိထုတ်လွှင့်နေတဲ့မီဒီယာတွေနဲ့ တန်းတူယှဉ်ပြိုင်နိုင်မယ့်လို့ ဆရာချစ်ဝင်းမောင်က ပြောပါတယ်။

အောက်တိုဘာလ၂၆ ရက်နေ့က ရန်ကုန်မြို့ DW Akademie ရုံးမှာ မီဒီယာနယ်ပယ်အသီးသီးက ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာဥပဒေ နှင့်စပ်လျဉ်းသည့် အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ခဲ့တာပါ။

Soundbite ဦးချစ်ဝင်းမောင်(အဖွဲ့ဝင်)
မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ

ဒါ့အပြင် ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေကို ၂၀၁၅ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့က ပြဌာန်းခဲ့ပြီး ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲမတိုင်ခင် နည်းဥပဒေထွက်ရှိရေး ပြည်ပက ဥပဒေပညာရှင်တွေက အကြံပြုခဲ့ပါတယ်။

Soundbite ဦးမြင့်ကျော် (ပြန်ကြားရေးတာဝန်ခံ)
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ

ဒီအလုပ်ရုံဆွေးနွေးပွဲမှာ မီဒီယာနယ်ပယ်အသီးသီးက ရုပ်သံ၊ ရေဒီယိုလွှင့်မယ်သူတွေက ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာဥပဒေထဲမှာပါတဲ့ အရေးကြီးတဲ့ အကြံပြုချက်တွေကို နည်းဥပဒေမှာထည့်သွင်းသွားဖို့ ဆွေးနွေးခဲ့ကြတာပါ။

သတ္တမအကြိမ်မြောက် မီဒီယာဖွံ့ဖြိုး ရေးညီလာခံကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ပထမအပတ် နေပြည်တော်မှာ ပြုလုပ်သွားမှာဖြစ်ပြီး လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ သတင်းသမားတွေ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာဥပဒေ၊ မီဒီယာရေရှည်တည်တန့်ရေး စတဲ့ အချက် ၄ ချက်ကို ဆွေးနွေးသွားမှာဖြစ်ပါတယ်ရှင်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)