
0
795




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မောင်တောမှာ စိတ်ကြွဆေးပြား ၁ သိန်းကျော် ဖမ်းဆီးရမိ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ လက်ခတ်လှေပေါ်က အမျိုးသား သုံးဦးကို စိတ်ကြွဆေးပြား ၁ သိန်း ၁ သောင်းကျော်နဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။

အောက်တိုဘာလ ၁၆ ရက် နံနက် ၃ နာရီ ၄၅ မိနစ်မှာ လုံခြုံရေးအဖွဲ့တွေ နတ်မြစ်အတွင်း ကင်းလှည့်စဉ် ဦးစောလှကျွန်းမြောက်ဘက်အနီးမှာ လှေတစ်စီးတွေ့လို့ လိုက်လံဖမ်းဆီးပါတယ်။ မောင်တောမြို့နယ်နေ ရော်ရှီးတာမောက် (၃၂ နှစ်) အပါအဝင် သုံးဦးကို စိတ်ကြွဆေးပြား ၁၁၇၀ဝ၀ (တန်ဖိုးကျပ် သိန်း ၂ ထောင် ၃ ရာကျော်ဖိုး) ဖမ်းဆီးရမိခဲ့ပါတယ်။

သူတို့ကို ငါးခူရနယ်မြေရဲစခန်းက ဖမ်းဆီးစစ်ဆေးခဲ့ပြီး စိတ်ကြွဆေးပြားတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ပို့ဆောင်ဖို့ သယ်ဆောင်လာတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)