ၿမိဳင္ႀကီးငူဆရာေတာ္ ဘဒၵႏၲသုဇနရဲ႕ အႏၲိမစ်ာပန အခမ္းအနားကုိ နုိ၀င္ဘာလ ၂၇ ရက္ေန႔ က်င္းပမယ္

0
1001

ကရင္ျပည္နယ္ ဘားအံခ႐ုိင္ လႈိင္းဘြဲ႔ၿမိဳ႕နယ္ ၿမိဳင္ႀကီးငူအထူးေဒသ ၿမိဳင္ႀကီးငူဆရာေတာ္ ဘဒၵႏၲသုဇနရဲ႕ အႏၲိမစ်ာပန အခမ္းအနား ျဖစ္ေျမာက္ေရးအတြက္ ေဘသဇၹမုနိေၾကးသြန္းဘုရားမွာ ေအာက္တုိဘာလ ၁၅ ေန႔က ညိွႏႈိင္းအစည္းအေ၀းျပဳလုပ္ခဲ့ၿပီး သတ္မွတ္ခဲ့တာ ျဖစ္ပါတယ္။

ထုိင္းႏုိင္ငံ ဘန္ေကာက္ၿမိဳ႕ Bumrungrad International ေဆး႐ုံႀကီးမွာ ေဆးကုသမႈ ခံယူေနခဲ့တဲ့ ၿမိဳင္ႀကီးငူ ေက်ာင္းတိုက္ ဆရာေတာ္ႀကီး ဘဒၵႏၵသုဇနဟာ ေအာက္တိုဘာ ၁၃ ရက္ ည ၈ နာရီ ၃၆ မိနစ္အခ်ိန္မွာ ပ်ံလြန္ေတာ္မူခ့ဲတဲ့အတြက္ ဆရာေတာ္ရဲ႕ ႐ုပ္ကလပ္ေတာ္ကုိ မဲေဆာက္-ျမ၀တီလမ္းကေန တဆင့္ ၿမိဳင္ႀကီးငူကုိ ပင့္ေဆာင္ထားခဲ့တာ ျဖစ္ပါတယ္။

ၿမိဳင္ႀကီးငူ ဆရာေတာ္ ဦးသုဇနဟာ ကရင္ျပည္နယ္ လႈိင္းဘြဲ႔ၿမိဳ႕က ပုိးကရင္လူမ်ဳိးျဖစ္ၿပီး လူငယ္ဘဝက ကရင္အမ်ဳိးသား လြတ္ေျမာက္ေရးတပ္မေတာ္မွာ ရဲေဘာ္အျဖစ္ အမႈထမ္းခဲ့ၿပီး သက္ေတာ္ ၂၀ မွာ ရဟန္းေဘာင္ကုိ ဝင္ေရာက္ခဲ့ကာ ေဒသတြင္းရွိ ဘုရား၊ ေစတီပုထုိးေတြကုိ ျပန္လည္ျပဳျပင္မႈလုပ္ခဲ့တာ လည္းျဖစ္ပါတယ္။ ဒါ့အျပင္ ၁၉၈၂ ခုႏွစ္ သားသတ္လြတ္ ဗုဒၶဘာသာဝင္ အသုိက္အ၀န္းကုိ တည္ေထာင္ခဲ့တဲ့ သာမညဆရာေတာ္ရဲ႕ သာဝက ရဟန္းတစ္ပါးလည္း ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကရင်ပြည်နယ် ဘားအံခရိုင် လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူအထူးဒေသ မြိုင်ကြီးငူဆရာတော် ဘဒ္ဒန္တသုဇနရဲ့ အန္တိမဈာပန အခမ်းအနား ဖြစ်မြောက်ရေးအတွက် ဘေသဇ္ဖမုနိကြေးသွန်းဘုရားမှာ အောက်တိုဘာလ ၁၅ နေ့က ညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ပြီး သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Bumrungrad International ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေခဲ့တဲ့ မြိုင်ကြီးငူ ကျောင်းတိုက် ဆရာတော်ကြီး ဘဒ္ဒန္ဒသုဇနဟာ အောက်တိုဘာ ၁၃ ရက် ည ၈ နာရီ ၃၆ မိနစ်အချိန်မှာ ပျံလွန်တော်မူခဲ့တဲ့အတွက် ဆရာတော်ရဲ့ ရုပ်ကလပ်တော်ကို မဲဆောက်-မြဝတီလမ်းကနေ တဆင့် မြိုင်ကြီးငူကို ပင့်ဆောင်ထားခဲ့တာ ဖြစ်ပါတယ်။

မြိုင်ကြီးငူ ဆရာတော် ဦးသုဇနဟာ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့က ပိုးကရင်လူမျိုးဖြစ်ပြီး လူငယ်ဘဝက ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်မှာ ရဲဘော်အဖြစ် အမှုထမ်းခဲ့ပြီး သက်တော် ၂၀ မှာ ရဟန်းဘောင်ကို ဝင်ရောက်ခဲ့ကာ ဒေသတွင်းရှိ ဘုရား၊ စေတီပုထိုးတွေကို ပြန်လည်ပြုပြင်မှုလုပ်ခဲ့တာ လည်းဖြစ်ပါတယ်။ ဒါ့အပြင် ၁၉၈၂ ခုနှစ် သားသတ်လွတ် ဗုဒ္ဓဘာသာဝင် အသိုက်အဝန်းကို တည်ထောင်ခဲ့တဲ့ သာမညဆရာတော်ရဲ့ သာဝက ရဟန်းတစ်ပါးလည်း ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)