စက္တင္ဘာလအတြင္း လက္နက္ကုိင္ပဋိပကၡ ျဖစ္ပြားမႈႏႈန္း အနည္းငယ္ ျမင့္တက္လာ

0
881

၂၀၁၈ ခုႏွစ္ ၾသဂုတ္လတြင္ လက္နက္ကိုင္ ပဋိပကၡ ျဖစ္ပြားမႈ (၂၉)ႀကိမ္ ရွိခဲ့ၿပီး စက္တင္ဘာလအတြင္း လက္နက္ကိုင္ ပဋိပကၡ (၃၅)ႀကိမ္ ျဖစ္ပြားခဲ့တာေၾကာင့္ အရင္လနဲ႔ႏႈိင္းယွဥ္ရင္ လက္နက္ကိုင္ ပဋိပကၡ ျဖစ္ပြားမႈႏႈန္းထား ျမင့္တက္လာေၾကာင္း Myanmar Institute for Peace and Security ရဲ႕ ၿမိဳ႕နယ္အဆင့္ ပဋိပကၡေစာင့္ၾကည့္ေရး အခ်က္အလက္ ေဒတာေဘ့စ္ မွတ္တမ္းတင္ထားတဲ့ အခ်က္အလက္ေတြ အရ သိရပါတယ္။

လက္နက္ကိုင္ ပဋိပကၡ ျဖစ္ပြားမႈ ႏႈန္းထား ျမင့္တက္လာရတဲ့အေၾကာင္းရင္းေတြမွာ ရွမ္းျပည္နယ္မွာျဖစ္ပြားတဲ့ ေျမျမဳပ္မိုင္းနဲ႔ ေဒသႏၱရ လက္လုပ္မိုင္း ေပါက္ကြဲမႈ အေရအတြက္ ျမင့္တက္လာတာလည္း ျဖစ္ပါတယ္။

၂၀၁၈ ခုႏွစ္ ၾသဂုတ္လမွာ ျမန္မာႏိုင္ငံ တစ္၀ွန္းလံုးရွိ ပဋိပကၡသင့္ ၿမိဳ႕နယ္ေပါင္း (၁၀)ၿမိဳ႕နယ္ရွိရာကေန စက္တင္ဘာလအတြင္း ပဋိပကၡသင့္ ၿမိဳ႕နယ္ေပါင္း (၁၆) ၿမိဳ႕နယ္ကုိ ေရာက္ရွိလာတာေၾကာင့္ ပဋိပကၡသင့္ နယ္ေျမ အရြယ္အစား က်ယ္ျပန္႔လာေၾကာင္းသိရပါတယ္။ အဲဒီလုိ ျဖစ္ပြားရတာဟာ ရွမ္းျပည္နယ္ရွိ ၿမိဳ႕နယ္ေတြမွာ လက္နက္ကိုင္ ပဋိပကၡေတြ ထပ္မံေပၚေပါက္လာျခင္းေၾကာင့္ျဖစ္တယ္လုိ႔ MIPS က ေဖာ္ျပထားပါတယ္။

လက္ရွိမွာလည္း ခ်င္းျပည္နယ္ရွိ ပလက္၀ၿမိဳ႕နယ္မွာလည္း တပ္မေတာ္နဲ႔ ULA/AA အဖြဲ႔ (ရကၡိဳင့္အမ်ိဳးသား အဖြဲ႔ခ်ဳပ္/ ရကၡိဳင့္တပ္မေတာ္)တို႔အၾကား ထိေတြ႔မႈေတြ ျဖစ္ပြားခဲ့ေၾကာင္း သိရွိရၿပီး ခ်င္းျပည္နယ္နဲ႔ ရခိုင္ျပည္နယ္မွာ တပ္မေတာ္နဲ႔ ULA/AA အဖြဲ႔တို႔ အၾကား ထိေတြ႔မႈေတြက ျမင့္တက္လာႏိုင္ေၾကာင္း MIPS သံုးသပ္ထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

စက်တင်ဘာလအတွင်း လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားမှုနှုန်း အနည်းငယ် မြင့်တက်လာ

၂၀၁၈ ခုနှစ် သြဂုတ်လတွင် လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပွားမှု (၂၉)ကြိမ် ရှိခဲ့ပြီး စက်တင်ဘာလအတွင်း လက်နက်ကိုင် ပဋိပက္ခ (၃၅)ကြိမ် ဖြစ်ပွားခဲ့တာကြောင့် အရင်လနဲ့နှိုင်းယှဉ်ရင် လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပွားမှုနှုန်းထား မြင့်တက်လာကြောင်း Myanmar Institute for Peace and Security ရဲ့ မြို့နယ်အဆင့် ပဋိပက္ခစောင့်ကြည့်ရေး အချက်အလက် ဒေတာဘေ့စ် မှတ်တမ်းတင်ထားတဲ့ အချက်အလက်တွေ အရ သိရပါတယ်။

လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပွားမှု နှုန်းထား မြင့်တက်လာရတဲ့အကြောင်းရင်းတွေမှာ ရှမ်းပြည်နယ်မှာဖြစ်ပွားတဲ့ မြေမြုပ်မိုင်းနဲ့ ဒေသန္တရ လက်လုပ်မိုင်း ပေါက်ကွဲမှု အရေအတွက် မြင့်တက်လာတာလည်း ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ် သြဂုတ်လမှာ မြန်မာနိုင်ငံ တစ်ဝှန်းလုံးရှိ ပဋိပက္ခသင့် မြို့နယ်ပေါင်း (၁၀)မြို့နယ်ရှိရာကနေ စက်တင်ဘာလအတွင်း ပဋိပက္ခသင့် မြို့နယ်ပေါင်း (၁၆) မြို့နယ်ကို ရောက်ရှိလာတာကြောင့် ပဋိပက္ခသင့် နယ်မြေ အရွယ်အစား ကျယ်ပြန့်လာကြောင်းသိရပါတယ်။ အဲဒီလို ဖြစ်ပွားရတာဟာ ရှမ်းပြည်နယ်ရှိ မြို့နယ်တွေမှာ လက်နက်ကိုင် ပဋိပက္ခတွေ ထပ်မံပေါ်ပေါက်လာခြင်းကြောင့်ဖြစ်တယ်လို့ MIPS က ဖော်ပြထားပါတယ်။

လက်ရှိမှာလည်း ချင်းပြည်နယ်ရှိ ပလက်ဝမြို့နယ်မှာလည်း တပ်မတော်နဲ့ ULA/AA အဖွဲ့ (ရက္ခိုင့်အမျိုးသား အဖွဲ့ချုပ်/ ရက္ခိုင့်တပ်မတော်)တို့အကြား ထိတွေ့မှုတွေ ဖြစ်ပွားခဲ့ကြောင်း သိရှိရပြီး ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ ULA/AA အဖွဲ့တို့ အကြား ထိတွေ့မှုတွေက မြင့်တက်လာနိုင်ကြောင်း MIPS သုံးသပ်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)